CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 18, 2015
ဂျော်ဂျီယာနိုင်ငံတွင် တိရစ္ဆာန်ရုံမှ ထွက်ပြေး လွတ်မြောက်လာသည့် ကျားတစ်ကောင် ၏ တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံး
ထဘလီဆီ ၊ ၁၈-၆-၂၀၁၅
ဂျော်ဂျီယာနိုင်ငံ မြို့တော် ထဘလီဆီ ၌ ယမန်နေ့တွင် တိရစ္ဆာန်ရုံမှ ထွက်ပြေး လွတ်မြောက်လာသည့် ကျားတစ်ကောင် ၏ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မျက်မြင်သက်သေ များ၏ ပြောကြားချက် အရ အဆိုပါ ကျားသည် မြို့တော်ရှိ တိရ စ္ဆာန်ရုံ အနီး အဆောက်အအုံ တစ်ခုအတွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက် မှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၄ဝ ကျော်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ၄င်းကို သက်ဆိုင်ရာက ဆေးရုံသို့ သယ်ဆောင် လာချိန်တွင် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံ အာဏာပိုင် များက ပြောကြား ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဒေသတွင်းရှိ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာခဲ့ပြီး ယင်းကျားကို ပစ်သတ်ခဲ့ ရကြောင်း သိရသည်။
ဂျော်ဂျီယာ နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ် အကုန်ပိုင်းမှ စ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တော်ရှိ တိရစ္ဆာန်ရုံမှ သားရဲ အများအပြား ထွက်ပြေး လွတ်မြောက် ခဲ့ခြင်းကြောင့် အာဏာပိုင် များသည် လွန်ခဲ့သည့် ရက်များအတွင်း အဆိုပါသားရဲ တိရစ္ဆာန်များကို လိုက်လံရှာဖွေ ခဲ့ရကြောင်း ထုတ်ပြန် ကြေညာချက် များအရ သိရသည်။
မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှု များကြောင့် ထွက်ပြေး လွတ်မြောက် သွားသည့် တိရစ္ဆာန် များတွင် ဝံပုလွေများ၊ ရေမြင်းများ၊ ဝက်ဝံများနှင့် ကျားများ ပါဝင်သည်ဟု သိရသည်။
PyiChitThar
http://www.pyichitthar.com
ဂျော်ဂျီယာနိုင်ငံတွင် တိရစ္ဆာန်ရုံမှ ထွက်ပြေး လွတ်မြောက်လာသည့် ကျားတစ်ကောင် ၏ တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment