Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

ကလေး ၇၂ ယောက် မွေးစားပြီး ၁၉ နှစ်အကြာမှာ မွဲသွားတဲ့ တရုတ်မီလျံနာ အမျိုးသမီး


လွန်ခဲ့တဲ့ ၁၉ နှစ်လောက်တုန်းက လီလီဂျူအန်ဆိုတဲ့ တရုတ်မီလျံနာ အမျိုးသမီးဟာ မိဘတွေရဲ့စွန့်ပစ်ထားတဲ့ ကလေး ၇၂ ယောက်ကို မွေးစားခဲ့ပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းက ဟီဘိုင်ပြည်နယ်က လီလီဟာ အရင်တုန်းက အ၀တ်အထည်နဲ့ သတ္တုတွင်းလုပ်ငန်းနှစ်ခုကို လုပ်ကိုင်ပြီး ကြွယ်ဝချမ်းသာလာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ကလေး ၇၂ ယောက်ကို မွေးစားပြီးတဲ့နောက် ကလေးတွေအတွက် သူမပိုင်ဆိုင်တဲ့ လုပ်ငန်းနှစ်ခုစလုံးက ၀င်ငွေကို မနှမြောပဲ ရက်ရက်ရောရော သုံးစွဲခဲ့ပါတယ်။

သူမမွေးစားခဲ့တဲ့ကလေးတစ်ချို့က မိဘတွေရဲ့ စွန့်ပစ်ခံတွေဖြစ်ပြီး တချို့ကတော့ မီးသွေးမိုင်းအတွင်းမှာ သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ကလေးငယ်တွေ ဖြစ်ပါတယ်။ အစောပိုင်းနှစ်တွေမှာ မွေးစားကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ငွေကြေးအခက်အခဲ မရှိခဲ့ပေမယ့် ၂၀၀၈ မှာ သူမရဲ့သတ္တုတွင်းတူးတဲ့ လုပ်ငန်းဟာ မြို့ပြစီမံကိန်းတစ်ခုကြောင့် ပိတ်ပစ်ခဲ့ရပါတယ်။ ဒါပေမယ့် လီလီဟာ သူမမှာ ရှိတဲ့လက်ကျန်ငွေအပြင် ရှိတဲ့ပစ္စည်းတွေကို ရောင်းချပြီး ကလေးတွေကို ဆက်ပျိုး ထောင်ခဲ့ပါတယ်။ ၂၀၁၁ ဆောင်းနှောင်းရာသီမှာတော့ လီလီကိုယ်တိုင် သွေးကြောကင်ဆာရောဂါ ခံစားခဲ့ရပေမယ့် သူမဟာ ကုန်ကျစရိတ်မများစေဖို့ ဒီရောဂါကို ခုနှစ်ရက်ပဲ အချိန်ပေးကုသခဲ့ပါတယ်။ အခုဆိုရင်တော့ လီလီရဲ့ပိုက်ဆံတွေဟာ ကုန်သွားခဲ့ပြီဖြစ်ပြီး ရင်းနှီးသူတွေ၊ အလှူရှင်တွေရဲ့အကူအင်္ညီတွေနဲ့ ကလေးတွေကို ဆက်လက်ပျိုးထောင်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် လီလီဟာ ကလေးတွေကို ကျွေးမွေး ပျိုးထောင်ခဲ့တာတွေအတွက် လက်ရှိမှာ တရုတ်ယွမ် ၂ သန်း အကြွေးတင်နေတယ်လို့ သိရပါတယ်။ လီလီကို ကူညီချင်တဲ့ လူအချို့က ကလေးတွေကို မွေးစားချင်ပေမယ့် သူမက ကလေးတွေကို လူမှုစောင့်ရှောက်ရေးအဖွဲ့ ပုံစံမျိုးနဲ့ မှတ်ပုံတင်ပြီး မွေးစားထားတဲ့အတွက် တရုတ်နိုင်ငံရဲ့ဥပဒေအရ လက်လွှဲမွေးစားခွင့်မရှိဘူး ဖြစ်နေပါတယ်။ ဒါကြောင့်မို့ လီလီဟာ မွေးစားကလေးတွေအတွက် အလှူငွေတွေကိုပဲ အားထားရတော့မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လီလီအပြင် လွန်ခဲ့တဲ့ နှစ်လေးဆယ်အတွင်း ဒုက္ခိတကလေး ၃၉ ယောက်ကို မွေးစားခဲ့တဲ့ ကောင်ဇီမန်ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်လည်း ရှိနေပါသေးတယ်။ လီလီမှာ မွေးစားကလေး ၇၂ ယောက်အပြင် သားအရင်းတစ်ယောက် ရှိနေသေးပေမယ့် သူ့သားက ခွဲစိတ်ကုသမှု လုပ်ချိန်မှာ လီလီက ဂရုမစိုက်ဘဲ မွေးစားကလေးတွေကိုပဲ အာရုံစိုက်နေလို့ အမေကို စကားမပြောတော့ဘဲ လက်ရှိမှာ အဘွားနဲ့ပဲ အတူနေနေပါတယ်။
http://www.planet.com.mm/detail/28025/World

No comments:

Post a Comment