CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 15, 2015
ဂျော်ဂျီယာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် တိရစ္ဆာန်ရုံအတွင်းရှိ တိရစ္ဆာန်များ ထွက်ပြေး လွတ်မြောက်
တိဘလစ် ဇွန် ၁၄
ဂျော်ဂျီယာနိုင်ငံ တိဘလစ်မြို့တော်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် တိရစ္ဆာန်ရုံ အတွင်းရှိ ကျား၊ ခြင်္သေ့၊ ဝက်ဝံများ အပါအဝင် ဝံပုလွေများ လှောင်အိမ်အတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြောင်း သတင်းများအရသိရသည်။
တိဘလစ်မြို့တော်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် လူနေအဆောက်အအုံများနှင့် မော်တော်ယာဉ် များ ပျက်စီးဆုံးရှုံးကာ အနည်းဆုံးလူကိုးဦး သေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးလျက်ရှိသည်။ ထို့ပြင် မြို့တော်တိရစ္ဆာန်ရုံထဲရှိ ကျား၊ ခြင်္သေ့၊ ဝက်ဝံနှင့် ဝံပုလွေများ၏ လှောင်အိမ်များပျက်စီးကာ တိရစ္ဆာန်များထွက်ပြေးလွတ်မြောက်လျက်ရှိသည်။ တိရစ္ဆာန်အရေ အတွက် မည်မျှလွတ်မြောက်နေသည်ကိုမူ မသိရသေးပေ။
တိရစ္ဆာန်ရုံအလုပ်သမားသုံးဦးသေဆုံးခဲ့ပြီး ၁ဝ ဦး ကျော်ပျောက်ဆုံးလျက်ရှိသည်။ တိရစ္ဆာန်ဖမ်းဆီးရေး သမားများက မြို့လယ်ကောင်တစ်နေရာတွင် ထွက်ပြေး လွတ်မြောက်သွားသည့် ရေကြံ့တစ်ကောင်ကို မေ့ဆေး သေနတ်ဖြင့် ပစ်ခတ်ကာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။ အခြားလွတ်မြောက်လျက်ရှိသည့် တိရစ္ဆာန်များကို ပြန်လည်ဖမ်းမိနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
လွတ်မြောက်နေသော တိရစ္ဆာန်များကို လိုက်လံ ဖမ်းဆီးနေသည့်အတွက် ဒေသခံများကို ၄င်းတို့နေအိမ် အတွင်းမှ အပြင်မထွက်ရန် အသိပေးအကြောင်းကြား ထားသည်။
သေဆုံးခဲ့သည့်လူကိုးဦးသည် ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သည် သို့မဟုတ် တိရစ္ဆာန်များတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ကို ရှင်းလင်းစွာမသိရသေးပေ။
သေဆုံးခဲ့သည့်လူများအနက် တစ်ဦးသည် တိရစ္ဆာန် ရုံအစောင့်တစ်ဦးဖြစ်ပြီး ၄င်းသည် လွန်ခဲ့သောလက ကျားတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လက်မောင်း တစ်ဖက်ဆုံးရှုံးခဲ့ရသည်။
ယခုပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ဝ သန်းခန့်ရှိကြောင်း ဒုတိယမြို့တော်ဝန်က ခန့်မှန်း တွက်ချက်ထားသည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဂျော်ဂျီယာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် တိရစ္ဆာန်ရုံအတွင်းရှိ တိရစ္ဆာန်များ ထွက်ပြေး လွတ်မြောက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 15, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment