Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 27, 2015

သမိုင်းတွင်မည့် လိင်တူလက်ထပ်ခွင့် အမေရိကန်တရားရုံးချုပ် ခွင့်ပြုပြီ



အမေရိကန် ပြည်ထောင်စု ဗဟိုတရားရုံးချုပ်သည် တစ်ပြည်လုံးတွင် လိင်တူချင်း လက်ထပ်မှုအား ခွင့်ပြုသည့် မဲခွဲစီရင်ချက်ကို ဇွန်လ ၂၆ ရက်၊ သောကြာနေ့က ချမှတ်လိုက်ခြင်းဖြင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်ပါသည်။ တရားရုံးချုပ် တရားသူကြီးများ၏ ထောက်ခံမဲ ၅ မဲနှင့် ကန့်ကွက်မဲ ၄ မဲတို့ဖြင့် ဆုံးဖြတ်ချက်သည် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ထိမ်းမြားလက်ထပ်ခွင့်ရှိရေးအတွက် အာမခံချက် ပေးလိုက်ခြင်း ဖြစ်သည်။

လိင်တူချင်းလက်ထပ်မှုကို တရားဝင် ခွင့်ပြုလိုက်သော ဆုံးဖြတ်စီရင်ချက် ချမှတ်လိုက်ပြီးနောက် ဝါရှင်တန်ဒီစီမြို့တော် ဗဟိုတရားရုံးချုပ်အဆောက်အအုံ ရှေ့တွင် ဝမ်းမြောက်ရွှင်မြူးနေသော လိင်တူအခွင့်အရေး လှုပ်ရှားသူများ  ဖြစ်ပါသည်။လိင်တူချင်းလက်ထပ်မှုကို တရားဝင် ခွင့်ပြုလိုက်သော ဆုံးဖြတ်စီရင်ချက် ချမှတ်လိုက်ပြီးနောက် ဝါရှင်တန်ဒီစီမြို့တော် ဗဟိုတရားရုံးချုပ်အဆောက်အအုံ ရှေ့တွင် ဝမ်းမြောက်ရွှင်မြူးနေသော လိင်တူအခွင့်အရေး လှုပ်ရှားသူများ ဖြစ်ပါသည်။အမေရိကန်နိုင်ငံတွင် ဆယ်စုနှစ်များစွာ တရားအမှုအခင်းများ၊ လူထုလှုပ်ရှားမှုများဖြင့် တိုက်ပွဲဝင်လျက်ရှိသော လိင်တူလက်ထပ်ခွင့် ပြုလိုက်သည့်သတင်းကြောင့် ဝမ်းသာရွှင်မြူးခြင်း၊ မျက်ရည်များဖြင့် ပွေ့ဖက်နမ်းရှုတ်ခြင်းများ တစ်ပြည်လုံးသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

ပြည်ထောင်စု ဗဟိုတရားရုံးချုပ်၏ စီရင်ချက်ဖြစ်သောကြောင့် ပြည်နယ်တရားရုံးများလည်း လိုက်နာပြီး လိင်တူစုံတွဲများ လက်ထပ်ခြင်းကို တရားဝင် မှတ်ပုံတင်ပေးရတော့မည် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ရှေးရိုးစွဲ သမရိုးကျဝါဒကို လက်ကိုင်ထားသော ရီပတ်ဘလီကန်ပါတီက လိင်တူလက်ထပ်ခြင်းကို အစဉ်တစိုက် ကန့်ကွက်၍ အလယ်အလတ်လမ်းစဉ် ဒီမိုကရက်ပါတီက ထောက်ခံပါသည်။

အမေရိကန် ပြည်နယ် ၅၀ အနက် ရီပတ်ဘလီကန်ပါတီ ကြီးစိုးသော ပြည်နယ် ၁၃ ခုသည် လိင်တူချင်း လက်ထပ်မှုကို တရားဝင် ခွင့်မပြုဘဲ ပိတ်ပင်ထားသည်။ ယခု ဆုံးဖြတ်ချက်ကြောင့် အဆိုပါပြည်နယ်များလည်း ခွင့်ပြုရမည် ဖြစ်သည်။ လူဝစ်ဆီယားနားနှင့် မစ်စစ္စစပီပြည်နယ်တို့ကမူ လိင်တူစုံတွဲများ လက်ထပ်မှုကို ယခုချက်ချင်းခွင့်ပြုမည် မဟုတ်ဘဲ တရားဥပဒေ လုပ်ထုံးလုပ်နည်းများ တရားဝင်သတ်မှတ်ပြီးချိန်ထိ ရွှေ့ဆိုင်းထားမည်ဟု ကြေညာသည်။ ပြည်ထောင်စု ဗဟိုတရားရုံးချုပ်၏ အမိန့်စီရင်ချက်ကို ၂၅ ရက်အတွင်း လိုက်နာ အကောင်အထည်ဖော်ရမည် ဖြစ်သည်။

တရားရုံးချုပ်၏ စီရင်ချက်သတင်း ထွက်ပေါ်လာသည်နှင့် အမေရိကန်တစ်ပြည်လုံးတွင် ဝမ်းသာအားရ အပြေးအလွှား လက်ထပ်ထိမ်းမြားသော လိင်တူစုံတွဲများစွာ ပေါ်ပေါက်လာခဲ့သည်။

မေလကုန်ကပင် အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား လက်မှတ်ရေးထိုးကာ ဇွန်လကို LGBT လိင်တူချင်းစုံမက်သူများ ဂုဏ်ယူဖွယ်လအဖြစ် သတ်မှတ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ထားသည်။

အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်သော မြန်မာနွယ်ဖွားများအတွင်းမှာလည်း လိင်တူစုံမက်သူများ ရှိနေပါသည်။ ထို့အပြင် မြန်မာမိသားစုများအတွင်း လိင်တူစိတ်ဝင်စားသော သားသမီးအချို့ ရှိနေသော မိဘများလည်း ရှိသည်။ ထို့ကြောင့်၊ တရားရုံးချုပ်၏ လိင်တူချင်း လက်ထပ်ခွင့်ပြုသော စီရင်ချက်နှင့် ပတ်သက်၍ သင့်လျော်အောင် ကြိုတင် စဉ်းစားပြင်ဆင်ထားရန် လိုအပ်လိမ့်မည်ဟု လော့စ်အိန်ဂျယ်လိစ်မြို့နေ မြန်မာ ဗုဒ္ဓဘာသာ ဖခင်တစ်ဦးက ပြောကြားပါသည်။

http://kabarthit.com/index.php?option=com_content&view=article&id=687:2015-06-28-01-50-10&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment