Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

ဗြိတိသျှဘုရင်မကြီးမွေးနေ့တွင် မြန်မာပြည်မှ ဗြိတိသျှသံအမတ်ကြီးမှ သံဃာတော်များ အားဆွမ်းဆက်ကပ်။


ယခုလတွင်ကျရောက်သော ဗြိတိသျှဘုရင်မကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗြိတိသျှသံအမတ်ကြီးက
 မြန်မာ့ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် သံဃာတော်များအားပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို
ယမန်နေ့က ၎င်း၏နေအိမ်တွင် ကျင်းပခဲ့သည်။ မြန်မာလူမျိုးများသည် မိမိတို့၏မွေးနေ့ရက်မြတ်၌ ကောင်းမှုကုသိုလ်များကို ပြုလုပ်သည့်ဓလေ့ရှိရာ ဗြိတိသျှအမျိုးသားနေ့ဖြစ်သည့် ဘုရင်မကြီး၏မွေးနေ့အထိမ်းအမှတ်တွင် ယခုကဲ့သို့ကောင်းမှုကုသိုလ်ပြုလုပ် ခြင်းဖြစ်သည်။ဘုရင်မကြီးမွေးနေ့အထိမ်းအမှတ် ဆွမ်းဆပ်ကပ်လှူဒါန်းပွဲသို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဒေဝသာဂရသိမ်ကုန်းကျောင်းတိုက်နှင့် သိမ်ဖြူကျောင်းတိုက်တို့မှ ပင့်သံဃာနှစ်ပါးနှင့် သာမဏေများ အပါအဝင်စုစုပေါင်းအပါး(၅၀)ကြွရောက်တော်မူခဲ့ကြသည်။
Foreign Office news on Burma





No comments:

Post a Comment