CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 22, 2015
ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူသူကို ရွှေရေးထင်ထင်အမှုဖွင့်
Byဖိုးတုတ်
အင်တာနက်လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ၌ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်သူတစ်ဦးကို စာရေးဆရာမရွှေရေးထင်ထင်က လသာရဲစခန်း တွင် အမှုဖွင့်တိုင်ကြားထား ကြောင်း သတင်းရရှိသည်။
ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သူ Min Thu အမည်ဖြင့် အကောင့်ပိုင်ရှင်ကို ဇွန်လ ၂၂ ရက် နံနက်တွင် လသာမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း လသာမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။
‘‘ဒီနေ့ မနက်ကလာပြီး တိုင် တာပါ။ ကျွန်တော်တို့လည်း အမှု ကို လက်ခံပြီး ဖွင့်ပေးပါတယ်။ တရားခံကိုတော့ ကျွန်တော်တို့ စုံ စမ်းနေပါတယ်။ ဖမ်းဆီးရမိခဲ့ရင် လည်း တည်ဆဲဥပဒေအတိုင်း အ ရေးယူသွားမှာပါ’’ဟု အဆိုပါရဲ အရာရှိက ပြောသည်။
စာရေးဆရာမ ရွှေရေးထင် ထင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြထားသည့် အလှဓာတ် ပုံများကြောင့် ယခုနှစ်အတွင်း လူ သိများလာပြီးနောက် ရွှေရေးထင် ထင်အကောင့်အတုများစွာထွက်ရှိလာသည်ဟု ရွှေရေးထင်ထင်၏ ပရိသတ်ကိုဟိန်းက ပြောသည်။
‘‘သူ့ကဗျာအတိုလေးတွေ တော့ ဖတ်ဖူးတယ်။ ကျန်တာ တော့ မဖတ်ဖူးပါဘူး။ သူ့ဓာတ်ပုံ တွေကတော့ လန်းတယ်။ ဒီတော့ လူငယ်တွေ တော်တော်များများ က သဘောကျတယ်။ တချို့က လည်း နာမည်ကြီးလာရင် မနာ လိုတော့ ပြောကြလုပ်ကြတာ လည်း ပါမယ်ထင်တယ်’’ဟု ၎င်း က ပြောသည်။
ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နာမည်သိက္ခာကျဆင်းအောင် ပြု လုပ်သူကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) အရ အမှုဖွင့်ထားပြီး လသာမြို့မရဲစခန်းမှ ဒုရဲမှူး ကျော် ကျော်အောင်က အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရ သည်။
နောင်တွင်လည်း ထိုသူကဲ့ သို့ မတရားလုပ်ကြံရေးသားမှု၊ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူ ပြောဆိုရေးသားမှုများကို တစ်ဦးချင်းစီဖော်ထုတ်တိုင်ကြားမည်ဖြစ်ကြောင်း ရွှေရေးထင်ထင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
7 Day
ရွှေရေးထင်ထင် (ဓာတ်ပုံ − Shweyay Htin Htin Facebook
ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူသူကို ရွှေရေးထင်ထင်အမှုဖွင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5
![](http://4.bp.blogspot.com/-uKFtG8tR-E0/VYjuRL_TdeI/AAAAAAAAqso/5Kms-FVRx40/s72-c/311.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment