Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

ကန်ဒေါ်လာ နှစ်ရက်အတွင်း ကျပ် ၂၀ကျော် ပြန်တက်


အရေးကြီးသွင်းကုန် တင်သွင်းသူများကို ဗဟိုဘဏ်က လေလံဈေးဖြင့် အမေရိကန်ဒေါ် လာ ရောင်းချပေးနေသော်လည်း ပြင်ပဈေးကွက်တွင် ငွေလဲနှုန်းမှာ နှစ်ရက်အတွင်း ကျပ် ၂၀ ကျော် မြင့်တက်လာကြောင်း သတင်းရရှိ သည်။
ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေးသည် ဇွန်လ ၂၂ ညနေဈေးပိတ်ချိန်၌ တစ်ဒေါ် လာလျှင် ၁၁၆၁ ကျပ်ခန့်ရှိရာမှ ဇွန်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၁၈၅ ကျပ်ခန့်ဈေးရှိလာကြောင်း ဈေးကွက်မှ စုံစမ်းသိရသည်။
‘‘အရောင်းအဝယ်က ကောင်းနေတယ်။ အဝယ်ပြန် လိုက်လာလို့ ဈေးတက်နေတာပါ’’ ဟု ပြင်ပငွေလဲလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
လက်ရှိပြည်တွင်း၌ တရား ဝင်ဖွင့်လှစ်ထားသော ငွေလဲ ကောင်တာများနှင့် ပုဂ္ဂလိက ဘဏ်များတွင် အမေရိကန်ဒေါ် လာရောင်းဈေးသည် တစ်ဒေါ်လာလျှင် ၁၁၁၉ ကျပ် မှ ၁၁၂၁ ကျပ် ခန့် ဈေးရှိနေသည်။
ပြည်ပမှ တင်သွင်းနေသည့် ကုန်ပစ္စည်းသုံးမျိုးအတွက် ဗဟို ဘဏ်က အမေရိကန်ဒေါ်လာများ ထုတ်ရောင်းပေးမည်ဆိုသော သတင်းကြောင့် ဇွန်လ ၁၈ ရက် ၌ ပြင်ပဈေးကွက်တွင် ဒေါ်လာ ရောင်းလိုသူများနေပြီး ဈေးပြန် လည်ကျဆင်းလာသည်။
ဇွန်လ ၁၇ ရက်တွင် ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီ၊ စားအုန်းဆီနှင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းတင်သွင်း သူများအား ဗဟိုဘဏ်က သတ်မှတ်သောဈေးဖြင့် အကန့်အသတ်မရှိ ရောင်းချပေးမည်ဟု နိုင်ငံပိုင်မီဒီယာများ၌ သတင်းထုတ်ပြန် သည်။
ဗဟိုဘဏ်က သွင်းကုန်သ မားများအား ဒေါ်လာရောင်းချပေး ခြင်းသည် ရေတိုကာလအတွင်း သာ အမေရိကန်ဒေါ်လာဈေးမြင့် တက်မှုကို ကုစားနိုင်မည်ဟု စီး ပွားရေးပညာရှင်များက ကြိုတင် ခန့်မှန်းကြသည်။

No comments:

Post a Comment