Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 25, 2015

ချိုင့်ခွက်ထဲမှာ မိကျောင်းအတုတစ်ကောင် ဖန်တီးပြီး အစိုးရကို သတိပေးခဲ့တဲ့ ပန်းချီဆရာ

ကားလမ်းပေါ်က ချိုင့်ခွက် တွေဟာ အင်မတန် ရုပ်ဆိုးလှပါတယ်။ ဒါကြောင့်လည်း အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ နေအိမ် အနီးအနားမှာ ရှိနေတဲ့ ချိုင့်ခွက်တစ်ခုတည်းမှာ မိကျောင်းကြီး တစ်ကောင်ကို ရောက်လာအောင် ဖန်တီး ပစ်လိုက်ပါတယ်။

Baadal Nanjundaswamy လို့ ခေါ်တဲ့ ပန်းချီ ပညာရှင်တစ်ယောက်ဟာ သူနေတဲ့ ရပ်ကွက်ထဲက လမ်းပေါ်မှာ ချိုင့်ခွက် အကြီးကြီး ဖြစ်နေတာကို အစိုးရ သိစေဖို့အတွက် အခုလို ဖန်တီးခဲ့တာ ဖြစ်ပြီး သူ့ရဲ့ဖန်တီးမှု ဟာ အလုပ်ဖြစ်ခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံ ၊ Bangalore မြို့မှာနေထိုင်တဲ့ ထို ပန်းချီ ဆရာဟာ စတာလင်ပေါင် ၆၀ အကုန်အကျခံပြီး ထို မိကျောင်း အတုကြီး ကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

The Indian Express သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ လွန်ခဲ့တဲ့ ၁ လ လောက်ကတည်းက Bangalore မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့ရာနေရာမှာ ၁၂ ပေ ခန့် ကြီးမားတဲ့ ချိုင့်ခွက်ကြီး ဖြစ်ပေါ်နေပြီး ရေတွေလည်း သောင်တင်နေပါတယ်။ ဒါကြောင့် Baadal ဆိုတဲ့ ပန်းချီဆရာက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထို မိကျောင်းရုပ် အတုကြီးကို ထို ချိုင့်ခွက်ထဲမှာ လာထားခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ မိကျောင်း အတုကြီး နဲ့ ဆန္ဒထုတ်ဖော်တဲ့ စတန့် ထွင်မှုဟာ အောင်မြင်ခဲ့ပါတယ်။ သူ မိကျောင်း အတုကြီးလာထားပြီး နောက်တစ်နေ့မှာ အစိုးရ အာဏာ ပိုင်တွေက ထို ချိုင့်ခွက်နေရာကြီး ကို လာရောက် ပြုပြင်ပေးသွားကြပါတယ်။

မနှစ်ကလည်း Baadal က ချိုင့်ခွက်တစ်ခုကို ဟိန္ဒူ နတ်ဘုရားတစ်ပါးဖြစ်တဲ့ ရာမ ရဲ့ ပါးစပ်ပုံကြီးဆွဲပြပြီး အစိုးရ အာဏာပိုင်တွေကို အန္တရာယ်ရှိနေကြောင်း သတိပေးခဲ့ဖူးပါတယ်။

"လူတိုင်းမှာ သူတို့ ကိုယ်သူတို့ ကြိုက်တဲ့နည်းလမ်းနဲ့ ဖော်ပြခွင့်ရှိပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ မကျေနပ်ချက်တွေကို ဖော်ပြတဲ့နည်းလမ်းပါ"လို့ Baadal က ဆိုပါတယ်။

ဗြိတိန် နိုင်ငံမှာလည်း မေလတုန်းက ပန်းချီပညာရှင်တစ်ယောက်ဟာ ချိုင့်ခွက်တစ်ခုထဲမှာ ကြီးမားတဲ့ အမျိုးသား လိင်အင်္ဂါပုံ ကြီးဆွဲပြပြီး အစိုးရ အာဏာပိုင်တွေကို သတိပေးခဲ့ဖူးပါတယ်။

( Mario )

သစ်ထူးလွင်

No comments:

Post a Comment