၂၀၁၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအဆင့် ပထမရရှိခဲ့သူ မအိရတနာနိုင်သည်
၂၀၁၄ တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် တစ်နိုင်ငံလုံး ပထမအဆင့်ရရှိခဲ့သူ မသီရိထက်နိုင်၏ ညီမအရင်းဖြစ်နေ
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရမှတ် ပေါင်း ၅၆၀ ဖြင့် တစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် ကမာ ရွတ် အ.ထ.က လေ့ကျင့်ရေးကျောင်း မှ မအိရတနာ နိုင်သည် ၂၀၁၄ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် တစ်နိုင် ငံလုံး ပထမအဆင့်ရရှိခဲ့သူ မသီရိထက်နိုင်၏ ညီမအရင်း လည်းဖြစ်နေသည်။ ယင်းမှာ အလွန်ထူးချွန်ကြသည့်ညီအစ်မနှစ်ဦးစလုံး အတွက် ဂုဏ်ယူ ဝမ်း မြောက်ဖွယ်ရာဖြစ်သလို နှစ်ဦးစ လုံး တစ်နိုင်ငံလုံး ပထမအဆင့်ရရှိခဲ့ခြင်းက အလွန်ထူး ခြားသည်ဟု ဆိုရမည်ဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ပထမ ဆုရှင် ဖြစ်သော မအိရတနာနိုင်သည် ကမာရွတ်စာစစ်ဌာန၊ ခုံ အမှတ် ဆကရ-၂၄၀ ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ သူမနှင့်တွေ့ဆုံပြီး ယခုကဲ့သို့ အောင်မြင်မှုများ ရရှိ အောင် ကြိုးပမ်းခဲ့ရမှု၊ သူမ၏ရည်မှန်းချက်နှင့် ၂၀၁၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အကြံပြုချက် များ ကို ယခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး။ ။ ညီမလေးမျှော်မှန်းထားတာနဲ့ရော ကိုက်ညီမှုရှိရဲ့လား။
ဖြေ။ ။ မျှော်မှန်းထားတာနဲ့ ကိုက်ညီတဲ့ရလဒ် ရရှိခဲ့လို့ အများကြီးကျေနပ်ဝမ်းသာမိပါတယ်။ ငယ်ငယ်ကတည်း က ညီမရည် မှန်း ချက် က မြန်မာတစ်နိုင်ငံလုံးမှာ one to ten ဝင်ရမယ် လို့ မျှော် မှန်း ထားခဲ့ထာပါ။ အခုရတဲ့အမှတ် ထက် ပိုပြီးများများရရှိခဲ့ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့လဲ အခုရရှိထားတဲ့ရလဒ်အပေါ်မှာလဲ ညီမအ နေနဲ့ ကျေနပ်ဝ မ်းသာ မိပါတယ်။
မေး။ ။ ၁၀ တန်းကျောင်းစာတွေကို ဘယ်အချိန်ကနေ စပြီးလေ့လာ ခဲ့တာလဲ။
ဖြေ။ ။ ၁၀ တန်းစာကို ကိုးတန်းအောင်ပြီး မတ်လ လောက်က စတင်လေ့လာခဲ့တာပါ။ ကျောင်းမတက်ခင် ထဲက ကြိုတင်လေ့လာခဲ့ တယ်။ အလွတ်ကျက်တာတော့ မဟုတ်ဘဲ လေ့လာတဲ့ပုံစံနဲ့ပဲ စခဲ့တယ်။ ဘာသာစုံအား လုံးကို လေ့လာတယ်၊ မှတ်တယ်၊ အောင် စာရင်း ထွက် ရင် one to ten စာရင်းထဲမှာ ငါပါကိုပါရမယ်။ ပါနိုင်တဲ့ အရည်အချင်းလဲ ကိုယ့်မှာရှိတယ်လို့ စိတ်ထဲမှာ ထည့်ပြီး တော့ ကြိုးစားခဲ့တယ်။
မေး။ ။ ကျောင်းစတက်ပြီးတဲ့နောက်ပိုင်း ဘယ်လိုတွေ ကြိုးစားခဲ့လဲ။ ဘာသာရပ်အလိုက် ဘယ်လိုလေ့လာကျက်မှတ်ခဲ့လဲ။
ဖြေ။ ။ ကျောင်းစတက်ပြီဆိုကတည်းက ကျောင်းက သင်လိုက်တဲ့စာတွေကို တစ်နေ့စာတစ်နေ့ လေ့လာတယ်။ ကျက်မှတ်တယ်။ ပုံနှိပ်စာအုပ်ထဲကစာတွေကို ပိုင်နိုင်အောင် အရင်လုပ်တယ်။ မြန်မာစာ ဆိုလဲ စာစီစာကုံးတွေကို လေ့လာတယ်။ သူများရေးထား တဲ့စာစီစာကုံးတွေကို များ များဖတ်တယ်။ ဘယ်လိုပုံစံတွေကိုရေးရတယ်ဆိုတာက အစ အားလုံးနီးပါး အသေးစိတ်လေ့လာခဲ့ ရတယ်။ ခက် ဆစ်တွေ၊ စကားပြေတွေကအစပေါ့။ င်္အဂလိပ်စာဆိုရင် letters , essay တွေကိုလဲ အထပ်ထပ်အခါခါလေ့ကျင့်ရ တယ်။ စာလုံးပေါင်းတွေ၊ ရေးပုံရေးနည်းတွေကို လေ့ကျင့် တယ်။ အလွတ်ကျက်တဲ့ပုံစံမဟုတ်ဘဲ အကြောင်းအရာ တစ်ခုကို ဘယ်လိုပုံစံရေးရ တယ်ဆိုတာမျိုးကို လေ့လာတယ်။ မေးခွန်းဟောင်းတွေကိုလဲ များများလေ့လာမှတ်သားတယ်။ ဓာတုဗေဒ ဘာသာ၊ ရူပဗေဒဘာသာနဲ့ တခြားဘာသာ တွေကိုလဲ အဲဒီအတိုင်းပဲလေ့လာတယ်။ ခက်ဆစ်၊ သဒ္ဒါ၊ definition စတဲ့အပိုင်းတွေကိုလဲ အလွတ်ကျက်မှတ်ရ မယ့် အပိုင်းတွေကိုလဲ ဖတ်စာအုပ် ထဲကအတိုင်း မလွဲ မရအောင် အလွတ်ကျက်မှတ်တယ်။ တစ်ဘာသာချင်း သီးသန့်အချိန်ဇယား ဆွဲပြီး လေ့ကျင့်ကျက်မှတ်တာမျိုး တော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရ တဲ့ဘာ သာကျက်နေတုန်း အချိန်ကျော်သွားတာတို့ ဆိုရင် ကျက် ရမှတ်ရတဲ့အပိုင်းမှာ အဆင်မပြေတာတွေဖြစ်လာတတ် လို့ပါ။ ကျောင်းကပြန်ရောက်တာနဲ့ သင်လိုက်သမျှစာတွေ ကို ကျက် တယ်၊ မှတ်တယ်။
ေ မး။ ။ သူငယ်တန်းကနေ အခုဆယ်တန်းအထိ ဘယ်လိုဆုတွေရရှိခဲ့လဲ။
ဖြေ။ ။ ငယ်ငယ်ကတည်းကတောက်လျှောက် ဆုတွေ အများကြီးရရှိခဲ့တာပါ။ ၂၀၁၃-၂၀၁၄ မှာ ဘက်စုံထူးချွန် လူငယ်အဖြစ် ရရှိခဲ့ပြီးတော့ ပုဂံနဲ့အင်းလေးကို လေ့လာ ရေးခရီးစဉ်အနေနဲ့သွားရောက်လေ့လာခွင့်ရရှိခဲ့တယ်။ သုံးတန်းကစပြီး ရရှိခဲ့တဲ့ဆုအရေ အတွက်က အတိအ ကျတော့ မသိတော့ဘူး။ ခန့်မှန်းခြေအနေနဲ့ကတော့ ၇၀ ကျော်လောက်တော့ ရှိမယ်ထင်ပါတယ်။
မေး။ ။ ကျောင်းစာအပြင် တခြားဝါသနာပါတာမျိုး ရောရှိလား။
ဖြေ။ ။ ကျောင်း စာအပြင် အားကစားလုပ်ရတာကို ဝါသနာပါတယ်။ ပြီးတော့ စာဖတ်ရတာကိုတော့ ပိုပြီး ဝါသနာပါတယ်။ အားကစားအနေနဲ့က ကျောင်းမှာ လုပ်နေကျဖြစ်တဲ့ ကြက်တောင်ရိုက်တာ၊ ရေကူးတာ တို့ကိုတော့ ဝါသနာပါတယ်။ အရမ်းကြီးထူးချွန်တာမျိုး တော့ မဟုတ်ပါဘူး။
မေး။ ။ ဘဝရည်မှန်း ချက်ကရော ဘာတွေဖြစ်မလဲ။ ရှေ့ဆက်ပြီး ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။ ။ ညီမငယ်ငယ်လေးကတည်းက ရည်မှန်းချက်တစ် ခုရှိတယ်။ အဲဒါက ဆရာဝန်ကောင်းတစ်ယောက်ဖြစ် ချင်တာပါ။ ဒါကြောင့်လဲ ဆေးကျောင်းတက်ဖို့ ရည်ရွယ် ထားပါတယ်။ မိဘတွေတိုက် တွန်းလို့ လုပ်ရတာမျိုးမဟုတ် ဘဲ ကိုယ်တကယ်ဝါသနာပါလို့၊ စိတ်ဝင်စားလို့လုပ်မှာ ပါ။ ဘယ်သူ့တိုက်တွန်းချက်မှ မပါပါဘူး။
မေး။ ။ ၂၀၁၅-၂၀၁၆ ဆယ်တန်းစာမေးပွဲကို ဖြေဆိုကြမယ့် ကျောင်း သား၊ ကျောင်းသူတွေအတွက် အကြံပေးစကားလေး ပြောပေးပါဦး။
ဖြေ။ ။ နောက်နှစ်မှာဖြေဆိုမယ့် ကျောင်းသား၊ ကျောင်း သူတွေကိုပြောချင်တာက နှစ်စကတည်းက ကိုယ်လိုချင် တဲ့ရည်မှန်းချက် ကိုပြည့်အောင် ဘယ်လိုကြိုးစားရမယ် ဆိုတာ အမြဲတွေးပါ။ ရည်မှန်းချက် ထားပါ။ ရည်မှန်းထား တဲ့အတိုင်းလဲ ဖြစ်အောင်ကြိုး စားပြီး လုပ်ပါ။ ဖြစ်လာရမယ် လို့လဲ အမြဲတွေးပါ။ ကျောင်းစာကိုသာမဟုတ်ဘဲ တခြား ကိုစိတ်ပျော်မယ့် လေ့ကျင့်ခန်းလုပ်တာတို့ မိသားစုနဲ့အ တူတူထမင်းစားတာ၊ လမ်းလျှောက်တာ စသဖြင့်ပေါ့။ အချိန်ပိုင်းလောက်လုပ်ပေးပါ။ စိတ်ကြည်ပြီဆိုရင်တော့ စာဆက်လုပ်ပါ။ ကျန်းမာရေး ကို လဲ အမြဲဂရုစိုက်ပါ။ ကျန်း မာရေးကောင်း မှလဲ ကိုယ်ရည်မှန်းထားတာတွေက ဖြစ် လာမှာဖြစ်တဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။
ဖြိုးဖြိုးပြည့် တွေ့ဆုံမေးမြန်းသည်
#Democracytoday
ဓါတ်ပုံ…
၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တစ်နိုင်ငံလုံးအဆင့် ပထမရရှိသူ မအိရတနာနိုင် ကို သူမရရှိခဲ့သည့် ဆုတံဆိပ်များ နှင့် အတူတွေ့ရစဉ်။
Credit: Democracy Today
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 9, 2015
၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တစ်နိုင်ငံလုံးအဆင့် ပထမရရှိသူ မအိရတနာနိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း
၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တစ်နိုင်ငံလုံးအဆင့် ပထမရရှိသူ မအိရတနာနိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment