CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 9, 2015
စူးရဲတဲ့အကြည့်တွေကနေ တရားစွဲခံရတဲ့ တရုတ်မင်းသမီး
တီဗွီဖန်သားပြင်ကနေ ချစ်ရည်ရွှမ်းလဲ့တဲ့ မျက်ဝန်းအစုံတို့က စူးစူးရဲရဲ စိုက်ကြည့်နေတာ ကြောင့် နေရခက်စေပါတယ်လို့ဆိုတဲ့ ခပ်ကြောင်ကြောင် အမျိုးသားတစ်ဦးက တရုတ် နာမည်ကြီး သရုပ်ဆောင်မင်းသမီး ဇိုဝီကို တရားစွဲဆိုလိုက်တာကြောင့် ပြည်တွင်းမီဒီ ယာ၊ ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဟိုးလေးတကျော်ကျော်ဖြစ် ခဲ့ကာ လူအများစိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
တရုတ်နေ့စဉ်သတင်းစာရဲ့ဖော်ပြချက်အရ အဆိုပါ အမည်မသိအမျိုးသားတစ်ဦးက မင်းသမီးဝီရဲ့ လုံးဝန်းတဲ့ မျက်ဝန်းအကြည့်တွေအောက်မှာ စိတ်ပိုင်းဆိုင်ရာအနှောင့် အယှက်တွေဖြစ်ရကြောင်း၊ တရားစွဲဆိုအကြောင်းအရာအစုံအလင်ကို အသေးစိတ်ရေး သားထားကာ ရှန်ဟိုင်း ပူဒေါင်းခရိုင်တရားရုံးတော်သို့ အမှန်တကယ်လာရောက်တရား စွဲဆိုခဲ့တာပဲဖြစ်ပါတယ်။ ဝီ အနေနဲ့ကလည်း သူမကို ဒီလိုခပ်ကြောင်ကြောင် တရားစွဲ ဆိုခြင်းအတွက် မည်သို့မျှ စိုးရိမ်စိတ်မရှိကြောင်း ပြောထားပါတယ်။
တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံးနဲ့ သတင်းအချက်အလက်အမြန်ဆုံး ပျံ့နှံ့သိရှိနိုင်တဲ့ ဝီဘို အသုံးပြုသူတွေအကြားမှာ ဒီသတင်းက ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ရယ်စရာပျက်လုံး တစ်ခုဖြစ်နေပြီး အသုံးပြုသူအချို့က ထိုအမျိုးသားကို စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိနေ ကြောင်းနဲ့ တရားခွင်တရားရေးလူကြီးတွေအတွက် အချိန်ကုန်သက်သက်ဖြစ်စေ ကြောင်း ထင်ကြေးပေးရှုံ့ချထားပြီး လက်ရှိအချိန်ထိတော့ ယင်းအမှုကိုကိုင်တွယ်ဖို့ ဖြစ်နိုင်ချေမရှိသေးကြောင်း သိရပါတယ်။
Credit: Phothutaw
စူးရဲတဲ့အကြည့်တွေကနေ တရားစွဲခံရတဲ့ တရုတ်မင်းသမီး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment