CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 21, 2015
ရင်ကျပ်ရောဂါ ပျောက်ချင်ရင် ငါးအရှင်ကို မျိုချ
ရင်ကျပ်ရောဂါ ပျောက်ချင်ရင် ဆေးတွေ သောက်စရာ မလိုဘဲ ပျောက်ကင်းအောင် ကုသပေးတဲ့ ကုထုံးတစ်ခု ရှိပါတယ်။ ဒါပေမဲ့ အနည်းငယ် သတ္တိရှိဖို့တော့ လိုပါလိမ့်မယ်။ ရင်ကျပ်ရောဂါ ဝေဒနာရှင်ကို ငါးအရှင် တစ်ကောင် မျိုချခိုင်းလိုက်တာနဲ့ ရောဂါဝေဒနာ ပျောက်ကင်း သက်သာသွားမှာ ဖြစ်ပါတယ်။ ဒီကုသနည်းကို အိန္ဒိယနိုင်ငံရှိ ပာိုက်ဒရာဘတ်မြို့မှာ မိသားစုတစ်စုက ပြုလုပ် ပေးနေခြင်း ဖြစ်ပါတယ်။
နှစ်စဉ် ဇွန်လ ရောက်တဲ့အခါတိုင်း ငါးအရှင်တစ်ကောင်ကို အ၀ါရောင်ဆေးနဲ့ သုတ်လိမ်းကာ မျိုချစေပြီး ကုသပေးတာ ဖြစ်ပါတယ်။ လာတဲ့ သူတိုင်းကို ဒီလိုမျိုး ပြုလုပ်ပေးတာဖြစ်ပြီး ယင်းသို့ ပြုလုပ်ပေးခြင်းကြောင့် အသက်ရှူလမ်းကြောင်း ကောင်းမွန် စေတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝန်းက ထောင်ပေါင်းများစွာသော ရင်ကျပ်ဝေဒနာရှင် တွေဟာ ဒီကုထုံးကို ခံယူဖို့ နှစ်စဉ်လာရောက် ကြပါတယ်။ ဘီသာနီဂေါ့ မိသားစုက နှစ်ပေါင်းများစွာက ပိုင်ဆိုင်ထားတဲ့ ကုထုံးအတိုင်း ကုသပေးနေတာ ဖြစ်ပါတယ်။ ဒီကုထုံးဟာ ဟိန္ဒူလူမျိုးတွေရဲ့ လျှို့ဝှက်နက်နဲတဲ့ ဆေးပညာဖြစ်ပြီး ငါးကို မျိုချရာမှာ ပါဝင်တဲ့ အ၀ါရောင် ဆေးတွေမှာ ဘာတွေ ပါဝင်သလဲဆိုတာကို ဆေးကုသ ပေးနေတဲ့ မိသားစုက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ (၅) စင်တီမီတာလောက် ရှိတဲ့ ငါးကို အစိမ်းလိုက် မျိုချရတာ ဖြစ်တာကြောင့် အချို့ကလေးငယ် တွေဟာ အော့အန်မှုတွေ ရှိခဲ့ပေမယ့် ယုံကြည်စွာနဲ့ လာရောက် ကုသသူတွေ ကတော့ နှစ်စဉ် အမြဲတမ်းရှိနေ ပါတယ်။ ဒီကုသမှုကို ဆရာဝန်တွေနဲ့ လက်တွေ့ကျမှုကို ယုံကြည်သူတွေက ကန့်ကွက် နေကြပေမယ့် လာရောက်သူ အများအပြားရှိ တာကြောင့် အဆင်ပြေ သွားလာနိုင်ဖို့ အစိုးရက ရထားတွေ စီစဉ်ပေး ရတယ်လို့ သိရပါတယ်။ ဒီကုသနည်းဟာ နှစ်ပေါင်း (၁၅၆) နှစ်တိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
http://www.messengernewsjournal.com/
ရင်ကျပ်ရောဂါ ပျောက်ချင်ရင် ငါးအရှင်ကို မျိုချ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 21, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment