Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 21, 2015

အမျိုးသမီး ရဲမှူးကြီးရာထူး ပထမအကြိမ်ခန့်အပ်

Byအောင်သစ်လွင်

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ တွင် ရဲမှူးကြီးရာထူး၌ အမျိုးသမီး တစ်ဦးအား ပထမဆုံးအကြိမ်ခန့် အပ်လိုက်ကြောင်း သတင်းရရှိ သည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဥမ္မာရင်မီအား ရဲမှူးကြီးရာထူးပေး အပ်လိုက်ခြင်းဖြစ်ပြီးရဲတပ်ဖွဲ့၏ သမိုင်းတစ်လျှောက်ပထမဆုံးအ မျိုးသမီးရဲမှူးကြီးဖြစ်ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီးတစ်ဦးကပြောသည်။
ရဲမှူးကြီးဥမ္မာရင်မီအား နိုင်ငံ ဖြတ်ကျော်မှုခင်းဌာနကြီး၏ ဌာန မှူးကြီးအနေဖြင့် ပြည်ထဲရေးဝန် ကြီးက ဇွန်လ၁၈ရက်တွင် တာဝန် ပေးလိုက်ခြင်းဖြစ်သည်။ ယင်းနေ့ တွင်ပင် ရဲတပ်ဖွဲ့အတွင်းရာထူးအ ပြောင်းအလဲအချို့ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပြီး အရေအ တွက်ကိုမူ အတည်မပြုနိုင်ခဲ့ပေ။
‘‘အပြောင်းအလဲကများပါ တယ်။ ဒုရဲမှူးကြီးဒေါ်ဥမ္မာရင်မီ ကို ရဲမှူးကြီးရာထူးတိုးတယ်။ ရေ ကြောင်းက ဒုရဲမှူးကြီးတစ်ဦးက လူကုန်ကူးကို ဒုတပ်ဖွဲ့မှူးအနေနဲ့ သွားတယ်။ သတင်းတပ်ဖွဲ့က ရဲ မှူးကြီးတစ်ယောက်က ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ကို ရဲမှူးချုပ်ရာထူးနဲ့ ရာထူး တိုးတယ်။ အများကြီးပါပဲ။ အမျိုး သမီးရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ မှူးကြီးရာထူးပေးခံရတာတော့ ထူးခြားပါတယ်’’ဟု မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးတစ်ဦး ကပြောသည်။

No comments:

Post a Comment