Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 28, 2015

တိုကျိုမြို့က အခန်းကျဉ်းဟိုတယ်များ အကြောင်း

ကမ္ဘာ့အနှံ့မှာရှိတဲ့ လူနေမှုဘဝတွေကို ဓါတ်ပုံပညာနဲ့လိုက်လံမှတ်တမ်းယူနေတဲ့ ကိုရီးယားနိုင်ငံသား ဓါတ်ပုံဆရာတစ်ဦးက ဂျပန်နိုင်ငံ၊ တိုကျိုက လူနေမှုအဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဂျပန်ဟာ တိုးတက်တဲ့ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် တစ်ခါတစ်ရံ အနည်းငယ်နိမ့်ပါးတဲ့ လူနေမှုဘဝတွေကို ဓါတ်ပုံဆရာက မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပျာပန်းခတ်အလုပ်ရှုပ်ကြတဲ့ တိုကျိုမြို့မှာ ကျောင်းလာတက်တဲ့သူကျောင်းသားတွေ၊ ခရီးသွားတွေနဲ့ အမြဲ
များပြားနေတက်ပါတယ်။ လူနေမှုထူထပ်လာတာနဲ့အမျှ အိမ်ယာလိုအပ်ချက်လည်းရှိလာပါတယ်။ တိုကျိုမှာ ကာလကြာရှည်လာနေကြရတဲ့ ကျောင်းသား သို့မဟုတ်ခရီးသွားအချို့ဟာ ဟိုတယ်ခတွေ မတက်နိုင်ကြပါဘူး။ အဲဒီအချိန်မှာပဲ Shoebox Hotel လို့အမည်ပြောင်ခေါ်တဲ့ အခန်းငှားစနစ် ပေါ်ပေါက်လာပါတယ်။ Shoebox ဆိုတဲ့အတိုင်း အခန်းတွေဟာ တကယ့်ကို ကျဉ်းကျဉ်းလေးတွေဖြစ်ပါတယ်။ လူတစ်ဦးမတ်တပ်ရပ်လို့မရလောက်အောင် ကျဉ်းပြီးနိမ့်ပါတယ်။ အခန်းတွေမှာ ပြတင်းပေါက်မရှိသလို ဘာခန်းဝင်ပစ္စည်းမှ
လည်း မရှိပါဘူး။ အခန်းကိုငှားတဲ့သူဟာ ကျောတခင်းသာသာ နေရာပဲရမှာဖြစ်ပါတယ်။

ကျဉ်းပေမယ့် ဒီအခန်းတွေထဲရောက်သွားတဲ့အခါ လုံခြုံနွေးထွေးမှုရှိတယ်လို့ ခံစားရကြောင်း ကိုရီးယားဓါတ်ပုံဆရာ ဝမ်ကင် ကပြောပါတယ်။ သူက ဒီအခန်းတွေမှာနေထိုင်ကြတဲ့သူတွေအကြောင်း ဖော်ပြဖို့အတွက် ဓါတ်ပုံရိုက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ညကို ၁၂ ဒေးလာလောက်ပဲ ပေးရလို့ တိုကျိုလိုနေရာမျိုးမှာ သင့်တင့်မျှတဲ့ ဈေးနှုန်းလို့ဆိုနိုင်ပါတယ်။ အခန်းကျဉ်းတွေထဲမှာ အင်တာနက်သုံး၊ စာဖတ်၊ သီချင်းနားထောင် စတဲ့ နေထိုင်မှုပုံစံတွေကို ဓါတ်ပုံမှတ်တမ်းထဲမှာ တွေ့နိုင်ပါတယ်။ အခန်းတွေဟာ ကျဉ်းလွန်းတဲ့အတွက် အတော်များများကတော့ ရှုပ်ပွနေတက်ပါတယ်။
PlanetMyanmar

No comments:

Post a Comment