Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

မြန်မာနိုင်ငံသား အားလုံးရဲ့ ဘ၀က ဆင်းရဲတွင်းထဲ အောင်းနေရတဲ့ တွင်းအောင်းသတ္တ၀ါနဲ့ တူနေပါပြီလို့သုံးသပ်လိုက်တဲ့ ခန့်စည်သူ





အင်တာဗျူး ဖြေတိုင်း စိတ်ထဲရှိတဲ့ အရာတွေကိုသာ ထုတ်ဖော်ဖြေပေးတတ်တဲ့  ခန့်စည်သူက လက်ရှိမှာ ယောက္ခမကြီးကိုချစ်တယ်ဆိုတဲ့ ဗီဒီယိုကားကို ရိုက်ကူးနေပြီး လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအချို့နဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အားကစား နယ်ပယ်အပေါ် သူ့ရဲ့ အမြင်များကို ပြောပြလာတဲ့အခါ

" အားလုံးကတော့ ပြောတာပေါ့နော်။ အားကစားသမားလေးတွေကကြိုးစားတာတော့ ကြိုးစားတယ်။ ဒါပေမဲ့ တကယ်တမ်းအားကစားကတိုးတက်လာလားဆိုတော့ ဆုတ်ယုတ်သွားတယ်လို့ပဲမြင်ပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၃ ဆီးဂိမ်းတုန်းက မြန်မာဆို ရွှေတွေအများကြီးရတယ်။ ဒီနှစ်ဆို ၁၀ခုကျော်ပဲရတယ်။ ဒါကိုကြည့်ခြင်းဖြင့်သိသာတယ်။ အဲ့ဒါကို တစ်ဖက်လှည့်နဲ့သူတို့ကရွှေတွေ နည်းသွားတာကို ဘောလုံးဖက် U 20 , U 23 တို့နဲ့နည်းနည်းဖုံးမိသလို ဖြစ်သွားတဲ့အတွက် အားကစား တိုးတက်တယ်လို့ထင်တာပေါ့။ အဓိကကတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုကလဲ အများကြီး လိုအပ်ပါတယ်။ အခုဆို အများသိကြတဲ့အတိုင်းပဲလေ။ ဆိုင်းဘုတ်တွေ ထောင်ကြတယ်။ ဘောလုံးကွင်းတွင် ဘောလုံးမကန်ရတို့၊ ဟုတ်တယ်မလား။ မျိုးဆက်သစ်လူငယ်တွေက တော်တော် သနားဖို့ကောင်းပါတယ်။ ဘောလုံးကွင်းနေရာတွေ တစ်ခုပြီး တစ်ခုရောင်းစားပြီး ကွန်ဒိုတွေဖြစ်သွားတဲ့ အချိန်မှာ သူတို့က ဘောလုံးကန်ချင်ရင် ဂိမ်းထဲမှာ ပဲ ကန်ရတဲ့ဘ၀ ရောက်သွားတယ်။
အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ဒီ့ထက်ပိုပြီး ဆုတ်ယုတ်ဖို့များနေပါပြီ။ ပံ့ပိုးတဲ့သူကလဲ ပံ့ပိုးတယ် ဆိုပေမဲ့လဲ တာဝန်ရှိသူတွေက တာဝန်မဲ့တဲ့ ပုံစံမျိုးနေနေရင်တော့ ဒီ့ထက်ပိုပြီး ပိုဆုတ်ယုတ်သွားဖို့ပဲမြင်နေပါတယ်။ အားကစား သမားလေးတွေကတော့  သူတို့ဝါသနာပါတဲ့ အားကစားနဲ့ တိုင်းပြည်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ၀န်နဲ့အား မမျှဘူး။ ဘာလို့လဲဆိုတော့ အားလုံး သိမှာပါ။ ခုယှဉ်ပြိုင်သွားတဲ့ ဘောလုံးတို့၊ ခြင်းလုံးတို့၊ ဘတ်စကဒ်ဘောတို့ အများကြီးပဲရှိမှာပါ။ ဘာလို့ကိုယ်တွေနိုင်ငံက ခြေငါးလှမ်းလောက်နောက်ကျနေလဲ ဆိုတာတွေ့မှာပါ။ အဖြေကလဲ အားလုံးကလဲ သိပြီးသားရှိပြီးသားဖြစ်မှာပါ။ အားလုံးက လဲ မသိချင်ယောင် ဆောင်နေကြတာပါ။ သိတော့သိတယ်။ မသိချင်ယောင်ဆောင်နေကြတာပါ။ ရှေ့အနာဂတ်အတွက် အားကစားသမားတွေကို ရှေးရှုပြီး ကိုယ်တို့က အကြံပေးမယ်ဆိုရင်လဲ ဒါဟာပေးပေါပြီးပဲဖြစ်မှာပဲ။ အားကစားသမားလေးတွေ နိုင်ငံတကာမှာ အရမ်းကြိုးစားတယ်။ အားထုတ်တယ်။ ဒါပေမဲ့ မလိုက်နိုင်ဘူး။ ဘယ်လောက်ထိ မျက်နှာငယ်ရတယ် ဆိုတာ ဒါကတော့ တစ်နိုင်ငံလုံးသိပြီးသားပါ။ အခုကိုယ်တို့ပြောမယ် ဆိုရင်တော့ ဟောရင်းနဲ့သာ ပျံလွန်တော်မူသွားမယ်။ လိုက်လုပ်တာဘာများရှိလို့လဲ။ အစိုးရက ဒီသက်ဆိုင်ရာ အသီးသီးကနိုင်ငံသူနိုင်ငံသားတွေ အတွက်စဉ်းစားပြီးတော့ လုပ်ပေးတယ်။ စဉ်းစားပြီးတော့ plan ချပေးတယ်ဆိုတာ သိပ်မတွေ့ရသလောက်ပဲ။ လောလောဆယ်မှာ ကားကျပ်တာပဲကြည့်ပါလား။ ဒါ plan မရှိလို့ဖြစ်သွားတဲ့အရာပဲလေ။ အခြေခံလူတန်းစားတွေ မျှော်လင့်နေကြတဲ့ ပြောင်းလဲမှုတစ်ခုကို မပြောချင်သေးဘူး။ လက်ရှိအနေအထား တစ်ခုကိုသုံးသပ်ရရင် မြန်မာနိုင်ငံသား အားလုံးကဘာနဲ့သွားတူနေလဲဆိုတော့ တွင်းအောင်းသတ္တ၀ါနဲ့သွားတူနေတယ်။ ဘာတွင်းလဲဆိုတော့ ဆင်းရဲတွင်းထဲမှာ အောင်းနေတဲ့ တွင်းအောင်း သတ္တ၀ါတွေသွားဖြစ်နေတယ်။ ဒီ့ထက်ပိုပြီးတော့ အထက်တန်း အလွှာကလူတွေက သူတို့ထက်ပိုတဲ့ တွင်းအောင်းသတ္တ၀ါတွေဖြစ်နေကြပါပြီ။ ဘာတွင်းလဲဆိုတော့ မိုက်တွင်းပါ"လို့ ပြောပြပေးခဲ့ပါတယ်။
ခန့်စည်သူဟာ ခုလတ်လောမှာ ဒါရိုက်တာက ဦးသိန်းဟန် ( ဖီးနစ် ) ရိုက်ကူးတဲ့ ယောက္ခမကြီးကို ချစ်တယ်ဆိုတဲ့ကားမှာ စိုးမြတ်နန္ဒာ၊ နေဒွေး ဆုမြတ်နိုးဦးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။
http://www.trend.com.mm/2015/06/18/yollywood-6924

No comments:

Post a Comment