CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 17, 2015
ဇနီး ကို မနာလိုဖြစ်ပြီး ဇနီးရဲ့ ခွေး နဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသား
အမျိုးသားတစ်ယောက်ဟာ သူ့ ဇနီးသည်ရဲ့ ခွေးလေးနဲ့ လိင်ဆက်ဆံ ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူဘာကြောင့် အဲဒီ ခွေးနဲ့ လိင်ဆက်ဆံ ခဲ့ရလဲဆိုတော့ သူ့ဇနီးသည်က ထိုခွေးလေးကို အရမ်း ဂရုစိုက်တာကို မနာလို ဖြစ်လို့ပါတဲ့။
Alabama ပြည်နယ် ၊ Geneva မြို့မှာ နေထိုင်တဲ့ Jonathan Edward Medley ဟာ တိရိစ္ဆာန်ညှင်းပန်းနှိပ်စင်မှု နဲ့ လက်ရှိအချိန်မှာ အဖမ်းခံထားရတယ်လို့ ရဲတွေရဲ့ ပြောကြားချက်အရသိရပါတယ်။
Geneva မြို့ရဲ့ ရဲမှုး Ricky Morgan က ပြောကြားခဲ့တာကတော့ အသက် ၃၉ နှစ်အရွယ် ထို အမျိုးသားဟာ ထိုခွေးလေးကို သူ့ဇနီးသည်က စေတနာပို ဂရုစိုက်နေတာကို မနာလို ဖြစ်ပြီး ထိုခွေးလေးနဲ့ လိင်ဆက်ဆံ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နယူးယော့ခ် နေ့စဉ် သတင်းကဖော်ပြခဲ့တာကတော့ သူ့ရဲ့ဇနီးသည်ဟာ သူ့ခင်ပွန်းအနေနဲ့ အခြား မိန်းမ တစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတယ်လို့ ထင်မှတ်ခဲ့ပြီး မှတ်တမ်းတင်တဲ့ စက်တစ်ခုကို ဖွက်ပြီးထားခဲ့တဲ့ အခါမှာမှ သူမရဲ့ ခင်ပွန်းက သူမရဲ့ ခွေးလေးနဲ့ လိင်ဆက်ဆံ နေတာကို သိခဲ့ရတာပါ။
အသက် ၂ နှစ်ခန့်သာ ရှိသေးတဲ့ Shih Tzus အမျိုးအစား အမွှေးပွ ခွေးလေးကတော့ အကြမ်းဖက်ခံရမှုကြောင့် နာကျင်မှုတွေရှိခဲ့ပြီး အခုအချိန်မှာတော့ လုံးဝ သက်သာသွားပြီဖြစ်တယ်လို့ လည်း သိရပါတယ်။
Medley ဟာ အာမခံကြေး ဒေါ်လာ ၅၃၅ ပေးဆောင်ခဲ့ရပြီး တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှု နဲ့ အဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။
Shih Tzus အမျိုးအစားခွေးတွေဟာ ၁ စတုန်း ခန့် အလေးချိန်ရှိပြီး ၁၀.၅ လက်မ အရပ်ရှည်ကာ တိဘက်ဒေသ မှာ စတင်ပေါက်ဖွားလာတဲ့ အိမ်မွေးခွေး အမျိုးအစား ပဲ ဖြစ်ပါတယ်။
http://www.trend.com.mm/2015/06/17/news-6917
ဇနီး ကို မနာလိုဖြစ်ပြီး ဇနီးရဲ့ ခွေး နဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 17, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment