Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 17, 2015

Facebook News Feed မှာ သင်အချိန်ကြာကြာ ဖတ်ရှုခဲ့တဲ့ Post တွေကို ဦးစားပေးဖော်ပြတော့မည်



Facebook က သင့်ရဲ့ News Feed မှာ ဖော်ပြမယ့် Status တွေ ၊ စတိုရီ တွေ ရဲ့ ရွေးချယ်မှု ပုံစံကို Update လုပ်လိုက်ပါပြီ။

Facebook ကုမ္မဏီက သင့်အနေနဲ့ အခြားလူတစ်ယောက်ရဲ့ Post ၊ Photo နဲ့ Comment တွေမှာ အချိန် ဘယ်လောက်သုံးပြီး ဖတ်ရှုလဲဆိုတာ ကို စတင်တိုင်းတာနေပြီဖြစ်ပါတယ်။ 

အခုချိန်မှာ သင်ဟာ Post အချို့ကိုရောက်တဲ့အခါ Like မလုပ်ပဲ ၊ Comment မပေးပဲ ၊ Share မလုပ်ပဲ နဲ့ အဲဒီ Post ပေါ်မှာ အချိန်ကြာကြာ ရစ်ဝဲနေမယ်ဆိုရင်တော့ Facebook က သင့်ကို ဒါဟာ သင့်အတွက် အရေးကြီးနေတယ်လို့ ယူဆပြီး အဲဒီ Post နဲ့ ဆင်တူ တဲ့ အခြား အကြောင်းအရာ တွေကို ပြသပေးမှာဖြစ်ပါတယ်။ 

အရင်တုန်းကတော့ လူမှုကွန်ရက်ဟာ သင့်ရဲ့ Like ၊ Comment နဲ့ Share ပြုလုပ်ပုံတွေကို အခြေခံပြီး သင်စိတ်ဝင်စားမှု အများဆုံး အရာအဖြစ် ဆုံးဖြတ်ပြီး ပြသတာ ဖြစ်ပါတယ်။ 

အသုံးပြုသူတွေရဲ့ သုတေသန အရ Facebook က ပြောကြားခဲ့တာကတော့ Post တစ်ခုကို တစ်စုံတစ်ယောက်က ဘာ Click မှ မပြုလုပ်တာဟာ အဲဒီ Post က အဲဒီ တစ်စုံတစ်ယောက်အတွက် အရေးမပါလို့ မဟုတ်ဘူးဆိုတာပါပဲ။

"တစ်ချို့အချိန်တွေမှာရှိပါတယ်။ လူတွေက လတ်တလောပြုလုပ်မယ့် အခမ်းအနားတစ်ခုအတွက် သတင်းအချက်အလက်တွေ ကြည့်ချင်ကြပေမယ့်လည်း သူတို့အနေနဲ့ Like (သို့) Comment ပေးဖို့ မလိုအပ်တာမျိုး ဖြစ်နေတတ်ပါတယ် " လို့ Facebook က တာဝန်ရှိသူတွေက ဆိုပါတယ်။

အခုအချိန်ကစပြီး Facebook ဟာ သင့်ရဲ့ News Feed မှာ သင်အချိန်ကြာကြာ သုံးစွဲခဲ့တဲ့ Post တွေနဲ့ ပတ်သက်တာတွေပဲ ဦးစားပေးဖော်ပြတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍ သင်ဟာ ရည်းစားဟောင်း (သို့) သူငယ်ချင်းဟောင်း တစ်ယောက်ရဲ့ အားလပ်ရက် ဓါတ်ပုံတွေမှာ မျောပြီးကြည့်နေမိခဲ့ရင် သင့်ရဲ့ News Feed မှာလည်း အဲဒီ ပုဂ္ဂိုလ်ရဲ့ စတိုရီတွေကိုပဲ ဆက်လက် ပြသနေမှာပါ။

ထို Update ကိုတော့ လာမယ့် အပတ်ထဲမှာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment