Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 17, 2015

ဆယ်ကျော်သက်တစ်ဦး ပျောက်ဆုံးဖုန်းကို ခြေရာခံပြီးနောက် ပစ်သတ်ခံရ


ပျောက်ဆုံးဖုန်းကို ခြေရာခံတဲ့ App တစ်ခုကို အသုံးပြုခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးအား ပစ်သတ်ခဲ့တဲ့ လူသုံးဦးကို ကနေဒါရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သတင်းရရှိပါတယ်။

Jeremy Cook အမည်ရှိ အသက် ၁၈နှစ်အရွယ် လူငယ်ဟာ သူ့ရဲ့ဖုန်းကို တက္ကစီ တစ်စီးအတွင်းမှာ မေ့ကျန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဇွန်လ ၁၄ရက်နေ့ မနက်မှာ ပျောက်ဆုံးဖုန်းကို ခြေရာခံပြီးနောက် အရန်သင့် စားသောက်ဆိုင် တစ်ခုရှေ့ကို ရောက်ရှိခဲ့ပါတယ်။ စားသောက်ဆိုင်ရဲ့ အပြင်ဘက် ကားတစ်စီးအတွင်းမှာတော့ လူသုံးဦး ရှိနေခဲ့ပါတယ်။

Cook ဟာ အဲ့ဒီ့ကားနားကို ချဉ်းကပ်သွားပြီး စကားပြောဖို့အတွက်လည်း လုံလုံခြုံခြုံပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖုန်းကိုတော့ သူပြန်မရသေးပါဘူး။” လို့ ဒေသရဲသားဖြစ်သူ Ken Steeves က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ထိုလူသုံးဦးက ထွက်သွားဖို့လုပ်တဲ့အခါ Cook က ကားပေါ်ကို ခုန်တက်လိုက်ခဲ့ပါတယ်။ Cookရဲ့ ညီမဖြစ်သူက အဖော်အဖြစ် ရှိနေပေးခဲ့တယ်လို့လည်း သိရပါတယ်။ အရေးပေါ်ဖုန်းခေါ်ဆိုမှု တစ်ရပ်အရ ရဲတပ်ဖွဲ့က လိုက်လာရာမှာ ကျည်ဆံတွေ ထိထားတဲ့ Cookရဲ့ အလောင်းကို တွေ့ရှိခဲ့ကြရပါတယ်။ ကားကိုလည်း ခြံစည်းရိုးနဲ့ တိုက်မိပြီး ပစ်ထားခဲ့တာကို ရှာဖွေတွေ့ရှိပါတယ်။

ထွက်ပြေးနေတဲ့ လူသုံးဦးဟာ အသက် ၁၈နှစ်မှ ၂၁နှစ်အတွင်း ရှိတယ်လို့ ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။ Cook ဟာ သူ့ကို တိုက်ခိုက်ခဲ့သူတွေနဲ့ အဆက်အနွယ် မရှိပါဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

“Cook ကိုသေစေခဲ့တာဟာ ပျောက်ဆုံဖုန်းခြေရာခံ App ကြောင့် မဟုတ်ပါဘူး။ သင်ရဲ့ ပျောက်ဆုံးဖုန်းကို App သုံးပြီး ရှာတာဟာ မကောင်တဲ့ ကိစ္စတော့လည်း လုံးဝမဟုတ်ပါဘူး။ အကြမ်းဖက်မှု အလားအလာရှိတယ် ဆိုရင်တော့ ရဲတပ်ဖွဲ့ကို ခေါ်ဆို အကူအညီတောင်းပါ။” လို့ Steeves ကပြောခဲ့ပါတယ်။

No comments:

Post a Comment