Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

တောင်ပစိဖိတ် သမုဒ္ဒရာအတွင်း လှေဖြင့် တစ်ကိုယ်တော် ရွက်လွှင့်ရန် ကြိုးပမ်းခဲ့သူကို ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ကယ်ဆယ်ခဲ့ရ




တိုကျို ၊ ၁၆-၆-၂၀၁၅

ပစိဖိတ် သမုဒ္ဒရာ အတွင်း လှေဖြင့် တစ်ကိုယ်တော် ရွက်လွှင့်ရန် ကြိုးပမ်းခဲ့သည့် အမေရိကန် ပြည်ထောင်စုမှ အမျိုးသမီး တစ်ဦးကို ပစိဖိတ် ကမ်းလွန်တွင် ကယ်ဆယ်ခဲ့ ရကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက် ၃ဝ နှစ်ရှိ ဆွန်ညာဘုမ်း စတိန်း အမည်ရှိ အမျိုးသမီး သည် တိုကျိုမြို့ အရှေ့ဘက် ချိုရှိုဆိပ်ကမ်း မှ ဇွန် ၇ ရက်တွင် ထွက်ခွာလာ ခဲ့ခြင်းဖြစ်ပြီး သမုဒ္ဒရာ အတွင်း မရပ်မနား လှော်ခတ်ခဲ့ကာ ဆန်ဖရန်စစ္စကို
မြို့သို့ အရောက်သွားရန် ကြိုးပမ်းခဲ့ သော်လည်း ဇွန် ၁၃ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ တွင် ရာသီဥတု ဆိုးရွားမှုနှင့် ကြုံတွေ့ ခဲ့ရခြင်းကြောင့် အနီးအနားရှိ ကုန်တင်သင်္ဘော တစ်စင်းကို အချက်ပြ ၍ အကူအညီ တောင်ခံခဲ့ ရသည်ဟု သိရသည်။

ထို့နောက် ၄င်းအား ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က အီဝါခီမြို့ ကမ်းလွန်မှ ၁၅၅ မိုင် အကွာခန့်တွင် ပြန်လည် ကယ်ဆယ် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းအဖွဲ့က ဇွန် ၁၄ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment