![]() |
| China confirms test of new hypersonic strike vehicle 'Wu-14' |
ပေကျင်း ၊ ၁၆-၆-၂၀၁၅
တရုတ် အစိုးရသည် နျူကလီးယား ဒုံးကျည်ထိပ်ဖူး များကို တပ်ဆင်နိုင်ပြီး အသံထက် ၁ဝ ဆပိုမို မြန်ဆန်သည့် လေယာဉ် အမျိုးအစားသစ် တစ်စင်းကို အောင်မြင်စွာ စမ်းသပ် မောင်းနှင် နိုင် ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန က ဇွန် ၁၄ ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။
အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် Wu-14 ဟု အမည်ပေး ထားသည့် အဆိုပါယာဉ်ကို တရုတ် အစိုးရက ဇွန် ၇ ရက်တွင် စတုထ္ထ အကြိမ်မြောက် စမ်းသပ် မောင်းနှင် ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုရှိ ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းလေယာဉ်သည် အသံထက် ၁ဝ ဆပိုမို မြန်ဆန်ပြီး တစ်နာရီ လျှင် ၁၂ဝဝဝ ကီလိုမီတာ အကွာအဝေး အထိ မောင်းနှင် နိုင်သော ထူးခြားသည့် မဟာဗျူဟာ မြောက် ယာဉ်တစ်စင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။
အဆိုပါ လေယာဉ်ကို နောက်ဆုံးအကြိမ် စမ်းသပ် မောင်းနှင်ခဲ့ ရာတွင် ဒုံးကျည် ကာကွယ်ရေး စနစ်များကို တိုက်ဖျက် နိုင်စွမ်းရှိသည့် အပြင် ဒုံးကျည် ထိပ်ဖူးများ ကိုလည်း တပ်ဆင်၍ မောင်းနှင် နိုင်ကြောင်း၊ ထိုသို့ စမ်းသပ် မောင်းနှင်မှု များမှာ မည်သည့်နိုင်ငံ ကိုမှ ပစ်မှတ်ထား လုပ်ဆောင်ခြင်း မဟုတ်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ထား ခဲ့သည်ဟု သိရသည်။
#PyiChitThar


No comments:
Post a Comment