ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာအသင်းက ဂိုးသမား ကျော်ဇင်ဖြိုးက အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။
မြန်မာဘောလုံးအသင်းဟာ ဒီနေ့ကျင်းပတဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်ဘက် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်ဆုံးအဆင့်ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဒီနေ့ပွဲစဉ်တလျှောက်လုံးမှာ မြန်မာ ယူ၂၃ အသင်း ဂိုးသမား ကျော်ဇင်ဖြိုးဟာ အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ဆုရရှိခဲ့တာပါ။
မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ စည်သူအောင်နဲ့ အသင်းခေါင်းဆာင် နေလင်းထွန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
မြန်မာ ယူ ၂၃ အသင်းနည်းပြချုပ် ဦးကြည်လွင်က ဒီနေ့နိုင်ပွဲအတွက် ကစားသမားအားလုံးကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
“ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့တွေ့ပါစေ။ ပြင်ဆင်စရာ ရှိတာပဲ ပြင်ဆင်သွားမယ်။ ဒီနေ့နိုင်ပွဲအတွက် ကစားသမား အားလုံးကို ချီးကျူးပါတယ်။ အသင်းလိုက် စိတ်ဓာတ်က နိုင်ပွဲတွေအားလုံးရဲ့ သော့ချက်ပါပဲ။ တိုင်းပြည်က ပရိသတ်တွေ ကွင်းထဲက ပရိသတ်တွေ အားလုံးကို ပျော်ရွှင်မှု ပေးနိုင်လို့ ကျနော် ပျော်ပါတယ်။ ဗီယက်နမ် အသင်းဟာ တကယ်ကောင်းတဲ့ အသင်းပါ။ သူတို့ကို နိုင်လိုက်တာ ကျနော်တို့ ကစားသမားတွေအတွက် ပိုပြီး အားအင်ဖြစ်စေပါတယ်။ နားရက်၁ ရက်မှာ ဗိုလ်စွဲဖို့ သေသေချာချာ ပြင်ဆင်ရပါမယ်။ နည်းပြဘ၀ မှာရော၊ ကစားသမား ဘ၀မှာပါ စင်ကာပူ မြေမှာ ဗိုလ်လုပွဲ ကစားရတာ တိုက်ဆိုင်မှု ဆိုပေမယ့် ကံတရား ဆိုပေမယ့် ဒီနေ့ ကစားသမားတွေ အားလုံး ကြိုးစားခဲ့ကြလို့သာ ဗိုလ်လုပွဲ ရောက်ခဲ့တာပါ” လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြောကြားပါတယ်။
မြန်မာအသင်းဟာ တဖက် ထိုင်း-အင်ဒိုနီးရှား နိုင်တဲ့အသင်းနဲ့ ဗိုလ်လုပွဲကို လာမယ့် ဇွန် ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာတုန်းက အင်ဒိုနီးရှားကို ၄-၂ ဂိုး၊ စင်ကာပူကို ၂-၁ ဂိုး၊ ကမ္ဘောဒီးယားကို ၃-၃ ဂိုးနဲ့ သရေကျပြီး ရှုံးပွဲမရှိ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
By ဒီဗွီဘီ
13 June 2015
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 13, 2015
မြန်မာ-ဗီယက်နမ်ပွဲ ဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံးဆု ရရှိ
မြန်မာ-ဗီယက်နမ်ပွဲ ဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံးဆု ရရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 13, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment