၂၀၁၅-ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက်(၀၄း၃၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း)၌ ဦးကျော်ကျော်ဝင်းထွန်း၊ ရပ်ကွက်(န)၊ နယ်မြေ(၉)၊ လားရှိုးမြို့ နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 9F/xxxx ကြယ်စင်ဟိန်း Express (အပြာရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Concrete Barrier တုံးများအား ဝင်တိုက်ပြီး လမ်းလယ်ကျွန်းရေမြောင်းပေါ်တွင် ရောက်ရှိရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ (Express)ယာဉ်ပေါ်တွင် ကျား (၁၆)ဦး၊ မ(၃)ဦး၊ စုစုပေါင်း ခရီးသည်(၁၉)ဦး စီးနင်းလိုက်ပါခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပါ။ ယာဉ်မတော်တဆမှုကြောင့် ကြယ်စင်ဟိန်း Express ယာဉ် ရှေ့ဘန်ဘာ ပြုတ်ထွက၊် နောက်ဘယ်ဘက်ခြမ်း ပိန်ချိုင့်ပျက်စီးသွားပြီး
Concrete Barrier တုံး(၁၀)တုံးခန့် ပျက်စီးသွားပါသည်။ ၎င်းဖြစ်စဉ်အား အမြန်လမ်း ပလွေးရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
Yangon-Mandalay Expressway
via Lwin Oo



No comments:
Post a Comment