Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

အဆောက်အဦများ ဆောက်လုပ်ရာတွင် သံငြမ်းအသုံးပြုသည့် နည်းပညာ လိုအပ်လာပြီဟုဆို


မန္တလေးမြို့တွင် ဇွန် ၂၀-ရက်နေ့က ဖြစ်ပွားခဲ့သည့် Pullman Hotel တည်ဆောက်ရေး စီမံကိန်းတွင် ဆောက် လုပ်ဆဲ 
အဆောက်အဦမှ ကွန်ကရစ်လောင်းစဉ် သံပိုက်ငြမ်းများ ပြိုကျမှုကြောင့် ငြမ်းဆင်ခြင်းနှင့် ပတ်သက်ပြီး အင်ဂျင်နီယာဒီဇိုင်းများ 
လိုအပ်လာပြီဖြစ်ကြောင်း မင်္ဂလာ မန္တလေးစီမံကိန်းမှ အကြီးတန်း တာဝန်ရှိသူ ကိုဇင်မင်းဆွေက ပြောသည်။

“ နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်း တွေကို တန့်လန့်လိုက်သလိုပါပဲ။ ငြမ်းဆင်တဲ့ကိစ္စမှာ ပေါ့လို့ မရ တော့ ဘူးပေါ့။ 
သစ်သားငြမ်းဟာ မိရိုးဖလားဖြစ်နေတဲ့ အတွက်ဘာမှ မဖြစ်ပေမယ့်သံငြမ်းမှာ ပြဿနာနည်းနည်း ရှိနေတာကို လက်တွေ့သိလိုက်
ရပြီပေါ့။ အဲဒီအတွက် ပညာပိုင်းဆိုင်ရာ ယူရပါလိမ့်မယ်။ ”ဟု ၄င်းကပြောသည်။

အဆိုပါအဆောက်အဦတွင်စလစ်ပြင်လောင်းရာတွင် ငြမ်းထောက်တိုင်အဖြစ် သံပိုက်များကို သုံးထားပြီး တည် ဆောက်သည့် 
စလစ်ပြင်ထုထည် အလေးချိန်ကိုခံနိုင်ရည်မရှိခြင်းကြောင့် ကွေးညွတ်ကာ ပြိုကျခဲ့ခြင်းဖြစ်သည်။

“သစ်သားငြမ်းတွေနဲ့ သုံးလေးလ လောင်းဖို့ ပြင်ထားတာ ဆွေးတာနေပြီ ဘာမှမဖြစ်ဘူး၊အခုသံငြမ်းက အိသွား တာ။ အင်ဂျင်နီယာပိုင်းက ပြန်ပြီးသုံးသပ်ရတော့မယ်။ အခု steel structure ပိုင်း လည်းလိုလာပြီ၊”ဟု ကိုဇင်မင်း ဆွေက သုံးသပ်သည်။

StructureDesignအင်ဂျင်နီယာဦးတင့်လွင်ကလည်း ငြမ်းပြိုကျမှုဖြစ်စဉ်တွင် ငြမ်းဆောက်ခဲ့သည့် နည်းလမ်း(process)များကိုအသေးစိပ်လေ့လာစုံစမ်းသွားရမည်ဖြစ်ကြောင်း ၊ ထက်မဲမဖြစ် စေရန်သက်ဆိုင်ရာအာဏာ ပိုင်များဘက်က ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ်ခဲ့သည်။

“ပိုက်ငြမ်းအဆက်တွေမှာ လုပ်တုန်းက ကျန်ခဲ့သလား၊ ပြုတ်သွားလို့လား ၊ ပိုက်အရွယ်အစားသေးတဲ့အခါ အပေါ်ကအလေး
ချိန်ကြောင့် ဘေးကို ခုံးသွားပြီးအလယ်အဆက်နေရာက ပြုတ်သွားသလား၊ အဲဒါတွေက ဖြစ်နိုင်ချေပေါ့၊ဘယ်ကဖြစ်လဲဆိုတာ မြင်ရုံနဲ့အတိအကျမပြော နိုင်သေးပါဘူး၊” ဟု ၄င်းကပြောသည်။

မင်္ဂလာ-မန္တလေး စီမံကိန်းဧရိယာတွင် အပိုင်းလေးပိုင်းခွဲ C.A.D မှ တောင်ဘက်ခြမ်း၌ ဆယ်ထပ်၊အရှေ့ ဘက် ခြမ်းတွင် Newstarlight က ၁၁-ထပ်ထိဆောက်လုပ်နေခြင်းဖြစ်၍အနောက်ဘက်ခြမ်းတွင် ဆောက်လုပ်ခြင်း မရှိ သေးဘဲယခုငြမ်းပြိုကျသည့် Pullman Hotel စီမံကိန်းမှ အပေါ်ထပ်
ရေးကူးကန်အဖြစ်”ဥာဏ် ဆောက် လုပ် ရေး” ၏ ဧရိယာ မီတာကျူ့ ၁၁၀၀- ကွန်ကရစ်ကြမ်းပျဉ် လောင်းသည့် အစိပ်အပိုင်းဖြစ်သည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment