Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

တရုတ်တွင် မွေးကင်းစ ကလေးများအတွက် ထုတ်လုပ်သည့် ပြည်တွင်းဖြစ် နို့မှုန့်အချို့ကို ဈေးကွက်ထဲမှ ပြန်သိမ်း


တရုတ်အာဏာပိုင်များသည် မွေးကင်းစ ကလေးများအတွက် ထုတ်လုပ်ထားသည့် ပြည်တွင်းဖြစ် နို့မှုန့်အချို့ကို ဈေးကွက်ထဲမှ ပြန်လည် သိမ်းဆည်းစေခဲ့ကြောင်း သတင်းရရှိသည်။
အစားအသောက်နှင့် ဆေးဝါး လုံခြုံရေးဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက နိုင်ငံအလယ်ပိုင်း ရှန်ဇီးရှိ လုပ်ငန်းသုံးခုမှ ထုတ်လုပ်သည့် နို့မှုန့်များကို ပြန်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းနို့မှုန့်များသည် မွေးကင်းစအရွယ် ကလေးများကို တိုက်ကျွေးရန် ဖော်မြူလာထုတ် ဖော်စပ်ထားခြင်းဟု ဆိုသည်။ နို့မှုန့်များကို ပြန်သိမ်းသည့်အပြင် နို့မှုန့် ထုတ်လုပ်သည့် လုပ်ငန်းများကိုပါ ပြင်းထန်စွာ အရေးယူရန် ဒေသဆိုင်ရာ အာဏာပိုင်များကိုလည်း တိုက်တွန်းထားသည်။

တရုတ် အစားအသောက်နှင့် ဆေးဝါး စီမံကွပ်ကဲရေး ဌာနက ရှန်ဇီးရှိ ဂွမ်ရှန်နို့ထွက်ပစ္စည်း လုပ်ငန်းမှ ထုတ်လုပ်သည့် နို့မှုန့်များတွင် နိုက်ထရိတ် ပမာဏ လွန်ကဲစွာ ပါဝင်နေကြောင်းနှင့် ရှင်ဂွမ်ရှန် နို့ထွက်ပစ္စည်း လုပ်ငန်း၊ ရှန်တန် စက်မှုလုပ်ငန်းတို့က ထုတ်လုပ်သည့် နို့မှုန့်များတွင်လည်း သတ်မှတ်စံနှုန်းထက် ပိုများသော ဆီလီနီယမ်ဓာတ် ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ နို့မှုန့်အားလုံးသည့် ဆိတ်နို့ကို အခြေခံ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

တာဝန်ရှိသူများက နိုက်ထရိတ်သည် သီးခြားအခြေအနေတွင် ကလေးများအတွက် အန္တရာယ် မရှိသော်လည်း လူ့ကိုယ်တွင်းရှိ ဘက်တီးရီးယား တစ်မျိုးနှင့် ထိတွေ့ပါက အဆိပ်သင့်မှု ဖြစ်ပွာိးုင်ကြောင်း ဆိုသည်။ ထို့အပြင် ဆီလီနီယမ်ကို မွေးကင်းစ ကလေးများအတွက် နို့မှုန့်တွင် အာဟာရ အထောက်အပံ့ ပစ္စည်းတစ်ခုအဖြစ် တရားဝင် သတ်မှတ်ခွင့်ပြုထားခြင်း မရှိချေ။

တရုတ်အာဏာပိုင်များသည် အဆိုပါ လုပ်ငန်းသုံးခုမှ ဖြန့်ဖြူးသည့် နို့မှုန့်များကို ဇွန် ၁၉ ရက်မှ စတင်ကာ ဈေးကွက်ထဲတွင် လိုက်လံ သိမ်းဆည်းနေကြောင်း သိရသည်။ ထို့အပြင် လုပ်ငန်းများကိုလည်း မွေးကင်းစကလေး နို့မှုန့်ထုတ်လုပ်မှု ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်ထားသည်။

တရုတ်သည် ကလေးများအတွက် နို့မှုန့်နှင့် ပတ်သက်၍ ဆိုးဆိုးရွားရွား နာမည်ပျက် ရှိခဲ့ဖူးပြီး ၂၀၀၈ ခုနှစ်အတွင်းက ပြည်တွင်းဖြစ် နို့မှုန့်များတွင် မယ်လ်မင်းဓာတ် လွန်ကဲစွာ ပါဝင်နေခြင်းကြောင့် အဆိပ်သင့်မှုများ ဖြစ်ပွားပြီး မွေးကင်းစ ကလေးငယ် ၆ ဦးထက်မနည်း သေဆုံးပြီး ၃၀၀၀၀၀ မျှ နာမကျန်း ဖြစ်ခဲ့သည်။

ထို့နောက်ပိုင်းတွင် တရုတ်၌ ပြည်ပမှ တင်ပို့သော နို့မှုန့်များသည် သိသိသာသာ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ တရုတ်သည် နို့နှင့် နို့ထွက်ပစ္စည်း သွင်းကုန်ကဏ္ဍတွင် နယူးဇီလန်ကို မှီခိုနေရပြီး ၂၀၁၃ ခုနှစ်ကမူ နယူးဇီလန်မှ တင်သွင်းသည့် နို့ထွက်ပစ္စည်းအချို့တွင် ဘက်တီးရီးယားတစ်မျိုး ပါဝင်နေသည်ကို တွေ့ရှိသဖြင့် သွင်းကုန် အချို့ကို ယာယီပိတ်ပင်ခဲ့ရဖူးသည်။ 
7day daily

No comments:

Post a Comment