Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 30, 2015

မက်ဒေါ်နယ်၏ မှိုဘာဂါ အွန်လိုင်းမှာပျံ့


အမျိုးသားတစ်ဦးသည် မက်ဒေါ်နယ်ဆိုင်မှာ ဘာဂါဝယ်စားရာ အထုပ်ကို ဖြည်လိုက်သည်တွင် အပြာရောင် မှိုတွေ တက်နေတာ မြင်လိုက်ရသဖြင့် အထိတ်တလန့် ဖြစ်သွားရကြောင်း သိရသည်။

စားသုံးသူ အက်ဒ၀ပ်ပေါ်တာသည် မှိုတက်နေသော ဘာဂါကိစ္စ ဆိုင်တာဝန်ခံကို သွားတိုင်ရာ ဆိုင်က တောင်းပန်ပြီး နစ်နာကြေး (၁၅) ပေါင်သာ ပေးသဖြင့် နှစ်ထပ်ကွမ်း စိတ်ပျက် ဒေါသထွက်ခဲ့ရသည်။ အသက် (၃၃) နှစ်အရွယ် ပေါ်တာသည် ဘာဂါထုပ်ကို ဖြေလိုက်သည်တွင် ဘာဂါပေါ်၌ မှိုအဖွေးသား တွေ့လိုက်ရသလို၊ ဘာဂါ ပေါင်မုန့်သား ချိုင့်ကြောင်းလေးထဲ တွင် အပြာရောင် မှိုပွင့်လေးတောင် ပွင့်နေကြောင်း တွေ့လိုက်ရသည်။ ပေါ်တာသည် ထိုပုံကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားလိုက်သည်။

လန်ဒန်မြို့လယ် ဟိုဘန်းအရပ်ရှိ မက်ဒေါ်နယ်ဆိုင်တွင် ဇွန် (၄) ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆိုင်တာဝန်ခံက နစ်နာကြေး (၁၅) ပေါင်သာ ပြန်ပေးသဖြင့် ပေါ်တာသည် စိတ်ဆိုးကာ မှိုတက်နေသော ဘာဂါပုံကို ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ပြီး “ဟိုဘန်း မက်ဒေါ်နယ်ဆိုင်က မှိုတက် ဘာဂါပါ။ ကြည့်ကြပါဦး။ သွားတိုင်တော့ နစ်နာကြေး (၁၅) ပေါင်ပဲ ပေးတယ်” ဟု ပေါ်တာက ရေးထားသည်။

ပေါ်တာ၏ ဖေ့စ်ဘွတ်ခ်ပို့စ်ကို ရှယ်ယာလုပ်သူ သောင်းဂဏန်းထိ ရှိနေပြီဟု သိရသည်။
messenger news journal

No comments:

Post a Comment