Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

Selfie ဓာတ်ပုံတွေကြောင့် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့တဲ့ အနုပညာရှင် ဘယ်သူ ဖြစ်မလဲ











ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတွေထဲက မိုက်ရူးရဲဆန်ဆန်ပြုမူမှုတွေက Dwayne “The Rock” Johnson ကို စိန်ခေါ်မှု တစ်ခုပေးလိုက်ပါတယ်။ အဲဒါက ၃ မိနစ်အတွင်း Selfie ဓာတ်ပုံ ၁၀၅ ပုံတင်ဖို့ပဲ ဖြစ်ပါတယ်။ သူက The Rock ဖြစ်လို့ ဒါ သူ့အတွက် ပြသနာ မဟုတ်ပါဘူး။ ဒီလို စိန်ခေါ်မှုမျိုးတွေကို မနက်စာအဖြစ် သုံးဆောင်ပါတယ်။ ကြက်ဥအလုံး ၅၀ နဲ့ အကြိမ် ၁၀,၀၀၀ ဒိုက်ထိုးတယ်။ ဒါကို သူ့ရဲ့ San Andreas ဇာတ်ကားသစ်ကို လန်ဒန်မြို့က ပွဲဦးထွက်တင်ဆက်မှုမှာ လုပ်သွားတာဖြစ်ပါတယ်။

သူ့စမတ်ဖုန်း ကင်မရာကို အသုံးပြုပြီး သူ့ကို အားပေးတဲ့ ပရိတ်သတ်တွေနဲ့အတူ Selfie ဓာတ်ပုံတွေ Dwayne တဖျတ်ဖျတ် ရိုက်ကူးခဲ့ပါတယ်။ ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်းတွေကို အကဲဖြတ်သူ လူကြီး Mark McKinley က မျက်နှာအပြည့်ပါပြီး ပုံမှာ ပါဝင်သူတွေရဲ့လည်ပင်းတွေ မြင်တွေ့နိုင်ကာ ရုပ်၊ ပုံဖမ်းနိုင်သော မျက်နှာလေးနဲ့ မှုန်ဝါးခြင်းမရှိ ကြည်လင်ပြတ်သားမှုတွေနဲ့အတူ ဓာတ်ပုံတွေကို အသားပေးထားတဲ့ သတ်မှတ်ချက်တွေကြောင့် selfie စည်းမျဉ်းစည်းကမ်းများနဲ့ ကိုက်ညီကြောင်း အခိုင်အမာဆိုပါတယ်။ Selfie အနည်းငယ်က စံသတ်မှတ်ချက်မပြည့်မီခဲ့ပေမယ့် စုစုပေါင်း ၁၀၅ ပုံကို စံချိန်မှတ်တမ်းဝင်ဖို့ လက်ခံခဲ့ပါတယ်။

Victor - Trend Myanmar

No comments:

Post a Comment