Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ ချီးမြှင့်ခံခဲ့ရတဲ့ Kanye West




Kanye West ဟာ ချီကာဂိုမြို့မှာရှိတဲ့ အနုပညာ တက္ကသိုလ် မှ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ချီးမြှင့်မှု ကို လက်ခံရယူခဲ့ရပါတယ်။ ဒါကြောင့် အခုချိန်ကစပြီး ရပ်ပါ Kanye West ဟာ ဒေါက်တာ West ဖြစ်သွားပါပြီ။

ကောလိပ်ကျောင်းကထွက်လိုက်တယ် ဆိုပြီး အခွေနာမည်ပေးဖူးတဲ့ Kanye West ဟာ သူ့ရဲ့ ဂီတအမျိုးအစား ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အလုပ်မှာ ပြောင်းလဲနိုင်စွမ်းရှိတဲ့အတွက် ဂုဏ်ထူးဆောင်ဘွဲ့ရခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

"ဒီဂုဏ်ထူးဆောင်ဘွဲ့ဟာ ကျွန်ုပ်တို့ရဲ့ ဘ၀တွေကို ပိုမို လွယ်ကူသွားစေပါတယ်။အကြောင်းပြချက် ၂ ခုရှိပါတယ်။ခင်ဗျားတို့ ကျွန်တော့်ကို သိပ်ကာကွယ်စရာမလိုတော့ပါဘူး။ပြီးတော့ ကျွန်တော်တို့အားလုံးရဲ့ဘ၀တွေ ပိုမို လွယ်ကူလာအောင်ကျွန်တော် လုပ်တော့မှာပါ။" လို့ Kanye West က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ချီကာဂို အနုပညာ တက္ကသိုလ်မှာ ဌာနမှုး တစ်ယောက်ဖြစ်တဲ့ Lisa Wainwright ကတော့  Kanye West က ချီကာဂို တက္ကသိုလ်ရဲ့ ကောင်းကြောင်းတွေကို လူသိရှင်ကြား ပြောပြီးတဲ့နောက် ကျောင်းတာဝန်ရှိသူတွေဟာ သူ့ကို ဘွဲ့ ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။

"ကျွန်တော်အဲဒါကိုဖတ်လိုက်ရတယ် ပြီးတော့ စဉ်းစားတယ်။ကျောင်းကို ယဉ်ကျေးမှုနယ်ပယ်ကနေ ပရိုမုတ် လုပ်ဖို့။ ချီကာဂိုသား ရပ်ပါက ဒီအနုပညာကျောင်းက ကောင်းတယ်လို့ ပြောလိုက်တဲ့နောက်မှာ တော့ သူဟာ ကျွန်ုပ်တို့ဆီက ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့နဲ့ ထိုက်တန်ပါတယ်" လို့ Lisa Wainwright က ပြောပါတယ်။

Ref : Starpulse
http://celebrity.thithtoolwin.com/2015/05/kanye-west_13.html

No comments:

Post a Comment