Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

၂၀၁၅ ခုနှစ်ရဲ့ အချမ်းသာဆုံး Hip-Hop အနုပညာရှင် ၅ ယောက်



Forbes မဂ္ဂဇင်းက ၂၀၁၅ ခုနှစ်ရဲ့ အချမ်းသာဆုံး Hip-Hop အနုပညာရှင် ၅ ယောက်ကို ထုတ်ပြန်လိုက် ပါတယ်။ အဲဒီ ရပ်ပါ တွေဟာ ဂီတလောကထဲမှာ ဂီတအပြင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနဲ့ အခြား စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရင်း ချမ်းသာလာကြသူတွေ ဖြစ်ပါတယ်။
နံပါတ် ၁ နေရာမှာ ရပ်တည်နေတာတော့ Bad Boy ဓါတ်ပြားတိုက် ပိုင်ရှင် Sean “Diddy” Combs ဖြစ်ပြီး Diddy ဟာ ဒေါ်လာ ၇၃၅ သန်း ချမ်းသာတယ်လို့ သိရပါတယ်။ Diddy ပိုင်ဆိုင်တဲ့ အခြားလုပ်ငန်းတွေကတော့ Revolt Television Network ၊ Sean John Clothing ၊ Ciroc ယမကာ ၊ Aquhahydrate ရေသန့်လုပ်ငန်း နဲ့ DeLeon Tequilla တို့ပဲဖြစ်ပါတယ်။ Aquhahyadrate ရေသန့် နဲ့ Ciroc ယမကာ တို့ကိုတော့ Diddy နဲ့ ဟောလီးဝုဒ်မင်းသား Mark Whalberg တို့ပဲဖြစ်ပါတယ်။
နံပါတ် ၂ ကတော့ Dr.Dre ဖြစ်ပြီး သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ ဒေါ်လာ သန်း ၇၀၀ ရှိပါတယ်။ Dr.Dre ဟာ Apple ကို သူ့ရဲ့ Headphone ကုမ္မဏီ အား ဒေါ်လာ ၃ ဘီလီယံ နဲ့ရောင်းချပြီး သမိုင်းသစ်တစ်ခု ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ Dr.Dre ဟာ Jimmy Lovine ဆိုသူနဲ့ ပူးပေါင်းပြီး ဘီလီယံ ဒေါ်လာ များစွာတန်တဲ့ အိပ်မက်တွေ စတင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူတို့ရဲ့ Beats Headphone ကုမ္မဏီ ရှယ်ယာတွေကို HTC ကုမ္မဏီအား ဒေါ်လာ သန်း ၃၀၀ နဲ့ ရောင်းချခဲ့ပြီး ၂၀၁၃ မှာ ဒေါ်လာ သန်း ၅၀၀ နဲ့ ပြန်လည် ၀ယ်ယူခဲ့သေးတယ်လို့လည်းသိရပါတယ်။
နံပါတ် ၃ ကတော့ Sean Jay Z Carter ဖြစ်ပြီးသူကတော့ ဒေါ်လာ သန်း ၅၅၀ ချမ်းသာတယ်လို့ သိရပါတယ်။ သူဟာ Roc-A-Fella ဓါတ်ပြားတိုက်ရဲ့ ပူးတွဲ တည်ထောင်သူ တစ်ယောက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ သူပိုင်ဆိုင်တဲ့ Rocawear Clothing ဟာ ဒေါ်လာ ၂၀၄ သန်းဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီနောက် Jay Z ဟာ Live Nation နဲ့ ဒေါ်လာ သန်း ၁၅၀ တန် စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပြီး ၂၀၁၅ မှာတော့ Tidal လို့ခေါ်တဲ့ ဂီတ၀န်ဆောင်မှု စာမျက်နှာကို ဒေါ်လာ ၅၆ သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။
နံပါတ် ၄ ကတော့ Curtis 50 Cent Jackson ပဲဖြစ်ပြီး သူကတော့ ဒေါ်လာ ၁၅၅ သန်း ချမ်းသာ ကြွယ်ဝ တယ်လို့ သိရပါတယ်။ 50 Cent ဟာ ဗီတာမင် သောက်ရေ ကုမ္မဏီ တစ်ခုမှာ ရင်းနှီးမြှပ်နှံ ခဲ့ပြီး ထို ကုမ္မဏကို Coca-Cola ကုမ္မဏီထံသို့  ဒေါ်လာ ၄.၁ ဘီလီယံ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ သူဟာလက်ရှိမှာ Frigo လို့ခေါ်တဲ့ အတွင်းခံ ကုမ္မဏီ တစ်ခုမှာလည်း ရင်းနှီးမြှပ်နှံထားပြီး တောင်အာဖရိက မှာရှိတဲ့ ကြေးနီ နဲ့ သတ္တုတွင်း တွေမှာလည်း ပါဝင်လုပ်ကိုင်နေသလို စတော့ရှယ်ယာတွေနဲ့ အိမ်ခြံမြေ ဈေးကွက်မှာလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
နံပါတ် ၅ နေရာမှာ ရှိနေတာတော့ လူသစ်တစ်ယောက်ဖြစ်ပြီး သူကတော့ Cash Money ဓါတ်ပြားတိုက် ပိုင်ရှင် Bryan “Birdman” Williams ပဲဖြစ်ပါတယ်။ သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ ဒေါ်လာ သန်း ၁၅၀ ရှိပြီး Bronald ဆီ ကုမ္မဏီကိုလည်း ပိုင်ဆိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။
Ref:elitedaily.com
http://www.trend.com.mm/2015/05/11/hip-hop-6572

No comments:

Post a Comment