Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 23, 2015

တစ်နေ့ ၁၃၅၀ ကျပ်ရသည့် အခြေခံအလုပ်သမားများ ကျပ်တစ်ထောင် ထပ်တိုးပေးပါ ရန် တောင်းဆိုမှုကြောင့် အမှုပေါင်း ၁၃ မှုဖြင့် အမှုဖွင့်ခံထားရ

လစာတစ်ထောင်တိုးပေးရန်အတွက် တောင်းဆိုသည့် စက်ရုံအလုပ်သမားများ အကြမ်းဖက်ဖြိုခွင်းခံရ သည့်အပြင် မြိုနယ် ၂ ခုတွင် ပုဒ်မ ၄ ခုနှင့် အမှုပေါင်း ၁၃ မှုဖြင့် ဖွင့်ခံ ထားရကြောင်း Cosetec အထည်ချုပ် စက်ရုံအလုပ်သမားသမဂ္ဂမှ မအေးစန္ဒာဝင်း က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တရားရုံးတွင် မေ ၂၁ ရက်က အင်း စိန်မြို့နယ်မှ တရားစွဲထားသည့်ကိစ္စ နှင့်ပတ်သက်ပြီး ရုံးချိန်း တွင်ပြောခြင်း ဖြစ်သည်။

မအေးစန္ဒာဝင်းက “ကျွန်မတို့ လက်ရှိရနေတဲ့လစာ ၁၃၅၀ ကျပ်ရတဲ့ အတွက် မကျေနပ်တဲ့ အတွက် ငွေကျပ်တစ်ထောင်တိုးပေးဖို့ ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နှင်းပြီး အမှုဖွင့်ခံ ရ တယ်။ ဘယ်နှစ်မှုဖွင့်ခံထားရလဲ မသိဘူး။ တိုင်းတရားရုံးကို သွားတဲ့ အခါမှ ၁၃ မှုဖွင့် ထားတယ်ဆိုတာ သိရတယ်” ဟုပြောသည်။

ယင်းတို့အား လစာတိုးပေးရန် ဆန္ဒပြသည့်အတွက် မတ်လ ပထမပတ် အတွင်း နှစ်ကြိမ် တိုင်တိုင် အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းခဲ့ပြီး သပိတ်မှောက်ဆန္ဒပြသည့် စက်ရုံနှစ်ရုံမှ အလုပ်သမား ၁၄ ဦးနှင့် ဦးဆောင်သူ ၄ ဦးကို ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်မှ တာဝန်ရှိသူများက ပုဒ်မ -၁၈၊ ၁၉၊ ၁၄၇ နှင့် ၅၀၅(ခ)တို့ဖြင့် အမှုပေါင်း ၁၃ မှုဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

အမှုရင်ဆိုင်ရသည့် တရားရုံးများမှာ လုံခြုံရေးအဆင်မပြေမှုများ ရှိသ ဖြင့် ရွှေပြည်သာမြို့နယ်မှ တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ ကိုမျိုးမင်းမင်းနှင့် ကိုနိုင်မင်းဝေတို့၏ ရှေ့နေအား အကြောင်းကြားခြင်းမရှိဘဲ ရုံးပြောင်းစစ်ဆေးကြောင်း၊ ယနေ့ အင်းစိန်ရုံးတွင် စစ်ဆေးသည့် ကိုစိုင်းနှင့် မအေးစန္ဒာဝင်းအပါအဝင် ၁၃ ဦး ကိုလည်း မေ ၂၆ ရက်တွင် ရန်ကင်းတရားရုံး ပြောင်းရွှေ့စစ်ဆေးခြင်းများပြုလုပ်ကြောင်း သိရသည်။

ယင်းတို့အလုပ်သမားထဲတွင် အသက်မပြည့်သေးသည့် အလုပ်သမား တစ်ဦးဖြစ်သည့် ကိုနိုင်မိုးထွန်း ၁၆ နှစ်ကိုလည်း ပုဒ်မ-၁၄၇ဖြင့် ဘားလမ်းရှိ ကလေးသူငယ် တရားရုံးတွင် မေ ၂၆ ရက်၌ ဆက်လက်စစ်ဆေးသွား ရန်ရှိကြောင်း သိရသည်။

အလုပ်သမားများသည့် တစ်ဖက်တွင် သက်ဆိုင်ရာအာဏာပိုင်များက စွဲဆိုထားသည့် အမှုများ ရင်ဆိုင်နေရ သကဲ့သို့ အလုပ်သမားခုံသမာဓိရုံးတွင် အလုပ်ရှင်နှင့် ဆက်လက် အမှုရင် ဆိုင်နေရပြီး ခုံသမာဓိရုံး ဆုံးဖြတ်ချက် အတိုင်း အလုပ်သမားများကို လုပ်ငန်းခွင် အတွင်း ဆက်လက်လုပ်ကိုင်ရန် အမိန့်ချမှတ်လိုက်သည့်အပေါ် အလုပ်ရှင်က မလိုက်နာဘဲ ကန့်ကွက် သဖြင့် ခုံသမာဓိကောင်စီတွင် အလုပ်သမားရေးရာနှင့် ပတ်သက်ပြီး အမှုရင်ဆိုင် ရမည်ဖြစ်ကြောင်း သိရသည်။

မအေးစန္ဒာဝင်းက “ကျွန်မတို့ အထည်ချူပ်စက်ရုံက အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်ဝင်ဖို့ ခုံသမာဓိရုံးက အမိန့်ချလိုက်တယ်။ ဒါပေမဲ့ အလုပ်ရှင်ဘက်က လိုက်နာဖို့ ပျက်ကွက်တယ်။ အလုပ်သမားတွေဘက်က အမှုကိုလေးစားလိုက်နာတဲ့ အတွက် ဥပဒေ အဆုံးအဖြတ်တိုင်း ဆက်သွားတယ်။ အလုပ်ရှင်ဘက်က ချိုးဖောက်တာတွေကျတော့ ဘယ်သူ မှအရေးမယူဘူး” ဟု ပြောသည်။

ယင်းတို့အနေဖြင့် မေ ၂၆ ရက် တွင် ပုဒ်မ- ၁၄၇ ဖြင့် အင်းစိန်တရား ရုံးမှ ရန်ကင်း တရားရုံး သို့ ရုံးပြောင်း စစ်ဆေးခြင်းသည့်ကိစ္စအား တရားရုံး အရောက်လမ်းလျှောက် သွားပြီး အမှု ရင်ဆိုင်ရန် ရည်ရွယ်ထားကြောင်း သို့ ရာတွင် အမှု အတူတူ ရင်ဆိုင်ရမည့် သူများ ဆန္ဒ အရသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံ ဖြည်စွက်ပြောသည်။

စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment