CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 25, 2015
ကားတစ်စီးနီပါး တန်ဖိုးရှိတဲ့ ငှက်လှောင်အိမ် ---
ရုတ်တရက်ကြည့်လိုက်ရင်တော့ အိမ်တစ်လုံ တည်ဆောက်ဖို့ နမူနာပြထား အိမ် ပုံစံမျိုး ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ဒါဟာ ငှက်လှောင်အိမ် တစ်ခုသာ ဖြစ်ပြီး အကောင်းဆုံး တည်ဆောက်မှု ပြုလုပ်ထား တာကြောင့် ခမ်းနားလွန်း နေတာ ဖြစ်ပါတယ်။ ဒီငှက်လှောင်အိမ်အရှည်က (၇ပေ၊ ၄လက်မ)ရှိပြီး၊ အကျယ်ကတော့(၄ပေ၊ ၅လက်မ) ရှိပါတယ်။ ငှက်လှောင်အိမ်နဲ့ အတူ လှေခါးတစ်ခု ကိုလည်း ထည့်သွင်းပေး ထားပါတယ်။
ငှက်လှောင်အိမ်ကို (၁၉) ရာစု အလယ်ပိုင်းလောက်က တည်ဆောက် ထားတာ ဖြစ် ပြီး၊ ပုံစံကတော့(၁၇)ရာစုက ပြင်သစ်မှာ ကြီးကျယ်တဲ့ သူတွေ နေထိုင်တဲ့ အိမ်ပုံစံမျိုး ဖြစ်ပါတယ်။ ဒီငှက်လှောင်အိမ်ကို ပေါင် (၈၀၀၀)နဲ့ လေလံတင် ရောင်းချသွားမှာ ဖြစ်တာကြောင့် သာမန်ကားတစ်စီးနီးပါး တန်ဖိုးရှိနေတယ်လို့ သိရပါတယ်။ ဒီငှက်လှောင်ကို ချမ်းသာကြွယ်ဝသူတွေရဲ့ နေအိမ်မှာ ထားခဲ့မယ်ဆိုရင် ဂုဏ်သိက်္ခပိုင်း အရ အလွန်အကျိုး ရှိစေမှာ ဖြစ်ကြောင်း လေလံတင်ရောင်းချမယ့် နီကိုလ်ဆန်က ဆိုထားပြီး၊ ငှက်တွေ ထားဖို့ထက် လာရောက်တဲ့ ဧည်သည့်တွေကို ပြသဖို့ ဧည့်ခန်း ထဲမှာ ထားရှိ နိုင်တဲ့အထိ ခမ်းနားကြောင်း ဆိုခဲ့ပ တယ်။ ငှက်လှောင်အိမ်ကို (၃)ထပ် တည်ဆောက် ထားတာ ဖြစ်ပြီး သန့်ရှင်းမှု ပြုလုပ်နိုင်အောင် ဖန်တီးပေးထား တယ်လို့ သိရပါတယ်။
အေသင်အောင် - Messenger News Journal
ကားတစ်စီးနီပါး တန်ဖိုးရှိတဲ့ ငှက်လှောင်အိမ် ---
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment