Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

ဘယ်သူမုတ်ဆိတ် အလှဆုံးလဲ ---



ရှည်လျားပြီး ထူးဆန်းတဲ့ မုတ်ဆိတ်တွေ ကို တစ်စုတစ်ဝေးတည်း မြင်ချင်တယ် ဆိုရင် တော့ ဟန်ဂေရီနိုင်ငံကို သွားရောက်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန် ဂေရီနိုင်ငံ၊ မြို့တော် ဘူဒါပက်ရဲ့ တောင် ပိုင်း၊ ကီစတန်ဖီလက်ဟာဇာမြို့မှာ မုတ်ဆိတ် အလှပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ တာကြောင့် ဖြစ် ပါတယ်။ ဒီပွဲတော်ကို (၇)ကြိမ်မြောက် အဖြစ် ကျင်းပခဲ့တာ ဖြစ်ပြီး ထူးခြားတဲ့ မုတ်ဆိတ်တွေကို အများအဟြး မြင်တွေ့ခွင့် ရမှာ ဖြစ်ပါတယ်။

မုတ်ဆိတ်မွေးထားသူတွေဟာ အသက်အရွယ်ကြီး ရင့်ခြင်း၊ ညစ်ပတ်တဲ့ပုံစံ ပေါက်နေခြင်း စတာတွေကြောင့် အများစုက နှစ်သက်ခြင်း မရှိ ပါဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်သူတွေဟာ နှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ မုတ်ဆိတ်မွေးတွေကို စနစ်တကျ လှပစွာ ပြုလုပ်ပြီး ပြိုင်ပွဲဝင် ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရောက် သူတွေဟာ ကြီးမားတဲ့ ဆုတွေမရကြပေ မယ့် အမြတ်တနိုးထားတဲ့ မုတ်ဆိတ်တွေ ကို ပြသလိုတဲ့ စိတ်တစ်ခုတည်းကြောင့် ပြိုင်ပွဲဝင်ရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နှာမောင်း ပုံစံမုတ်ဆိတ်၊ စစ်သူကြီး နာပိုလီယံပုံစံ မုတ်ဆိတ်၊ လက်ကိုင်ပုံစံ မုတ် ဆိတ် စသဖြင့် မမြင်ဖူးတဲ့ မုတ်ဆိတ်တွေကို မြင်ရမှာဖြစ်ပြီး၊ ဟန်ဂေရီနိုင်ငံသားတွေ အပြင် ဂျာမနီနိုင်ငံသားတွေလည်း လာရောက် ယှဉ်ပြိုင် ခဲ့ကြပါတယ်။ ဒါပေမဲ့ မုတ် ဆိတ်မွေး ထားခြင်းဟာ ရောဂါပိုးမွှားတွေကို သိမ်းဆည်းထားခြင်း ဖြစ်တယ်လို့ ပညာရှင်တွေက သတိ ပေးထားပါတယ်။

အေသင်အောင် - Messenger News Journal

No comments:

Post a Comment