Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

ပြည့်တန်ဆာလို့ အခေါ်ခံခဲ့ ရတဲ့ မီရှဲအိုဘားမား



အမေရိကန်သမ္မတ ကတော် မီရှဲအိုဘားမားအား အစ္စလာမ် နိုင်ငံတော် (IS) ကထုတ်ဝေသည့် မဂ္ဂဇင်း တစ်စောင်တွင် ပြည့်တန်ဆာ တစ်ဦး အဖြစ် ခေါ်ဆို ထားကြောင်း သိရသည်။ IS က ထုတ်ဝေနေသည့် Dabiq မဂ္ဂဇင်း၏ န၀မမြောက် စာစောင်တွင် မီရှဲ အိုဘားမားအား စော်ကား ရေးသားလိုက်ခြင်း ဖြစ်သည်။ ကျွန်မိန်းကလေးလား၊ ပြည့်တန်ဆာလား ဟုအမည်ပေး ထားသည့် ဆောင်းပါးတွင် ဘားရက် အိုဘားမား၏ ဇနီးသည် သုံးပြားတောင် တန်သူ မဟုတ်ကြောင်း ရေးသား ထားခြင်း ဖြစ်သည်။

ဆောင်းပါးရှင်မှာ ဂျီဟတ်ဝါဒီ တစ်ဦး၏ ဇနီး အမ်ဆူမေယာ အယ်လ်-မူဟာဂျီရာ ဖြစ်သည်။ ISက ဖမ်းဆီး ထားသည့် မိန်းကလေးများနှင့် ပတ်သက်ပြီး ဆောင်းပါးရှင်က ခုခံရေးသား ခဲ့သည်။ ယင်းမိန်းကလေးများအား IS သည် လိင်ကျွန်များ အဖြစ် အသုံးချရုံ သာမက လေလံတင် ရောင်းချမှု များကိုပင်လုပ် နေကြောင်း ကုလက ပြောဆိုခဲ့သည်။

ယောကျာ်းပီသသူ တစ်ဦးက တိုက်ပွဲတွင် အနိုင်ရရှိခဲ့ သဖြင့် သိမ်းပိုက်ခဲ့သည့် မိန်းကလေးနှင့် လိင်ဆက်ဆံခြင်းကို လူ့အခွင့်အရေး ချိုးဖောက်ခြင်းဟု မည်သည့် အတွက်ကြောင့် ပြောဆိုနေကြ သနည်းဟု ဆောင်းပါးတွင် မေးခွန်းထုတ် ထားသည်။ ကိုးကွယ်ရာ အရှင်သည် သူ၏ အာလီယာ (ထောက်ခံသူများ) အတွက် နားခိုရာ ဖန်တီးပေးခဲ့ပြီ ဖြစ်ပြီး ကက်ဖာ (မယုံကြည်သူ) များကို သတ်ဖြတ်ပြီး ၎င်းတို့၏ ဇနီးမျာကို ဖမ်းဆီးကာ သားသမီး များကို ကျွန်များအဖြစ် ခိုင်းစေမည် ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသား ထားသည်။

Source:Mirror
ရည်မွန်အောင် - Messenger News Journal

No comments:

Post a Comment