CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 19, 2015
ဖုန်းငွေဖြည့်ကတ်အပေါ် အခွန်ကောက်တာ မစိုးရိမ်ဖို့ အစိုးရဆို
MPT၊ Ooredoo၊ Telenor မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုသူတိုင်း ဆင်ကတ် ဝယ်ယူတာတွေနဲ့ ဖုန်းငွေဖြည့်တာတွေအတွက် ဇွန် ၁ ရက်ကစပြီး အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနက မေ ၁၈ ရက်နေ့မှာ တရားဝင် ရှင်းလင်းခဲ့ပါတယ်။ မိုဘိုင်းလ်ဖုန်းအသုံးပြုသူတွေ ဘယ်လို အခွန်ဆောင်ရမှာလဲ။
လိုင်စင်ရ အော်ပရေတာတွေနဲ့ ညှိနှိုင်းချက်အရ ဆင်းကတ်တန်ဖိုးရဲ့အခွန်ငါးရာခိုင်နှုန်းကို အော်ပရေတာက အစိုးရကို ပေးသွားရမှာဖြစ်ပြီး သုံးစွဲသူပြည်သူတွေဆီက ငါးရာခိုင်နှုန်းကိုတော့ ငွေဖြည့်ကတ်ကနေ ကောက်ခံသွားမှာတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်ကဆိုပြပါတယ်။
အခွန်ဥပဒေအရ ဝန်ဆောင်မှု သုံးစွဲတဲ့နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရမှာဖြစ်သလို အစိုးရကလည်း ဘဏ္ဍာရေးလိုအပ်ချက်ကြောင့် အခွန်ကောက်တာတွေ လိုင်စင်ကြေးကောက်တာတွေ လုပ်ရတာပါလို့ဆိုသူက ဦးသန်းထွန်းအောင်ပါ။
အခွန်ကိစ္စနဲ့ပတ်သတ်ပြီး ပြည်သူတွေ အစိုးရိမ်မပိုစေချင်ဘဲ အခွန်ကောက်တယ်ဆိုတာ အရင်ကတည်းက ကောက်ခဲ့တာဖြစ်ပြီး ကောက်ခံတဲ့ငွေတွေကလည်း နိုင်ငံတော်ရဲ့ဘတ်ဂျက်ထဲ ဝင်သွားမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။ အော်ပရေတာတွေကိုယ်တိုင်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနကို တိုက်ရိုက်ပေးရမှာပါလို့ ဆိုပါတယ်။
အခွန်ကောက်ခံပုံအရ ဖုန်းငွေဖြည့်ကတ် တစ်ထောင်တန်ဝယ်ရင် ငါးရာခိုင်နှုန်းဖြစ်တဲ့ ၄၈ ကျပ်နှုတ်တာဟာ ဝန်ဆောင်မှုအတွက် ကောက်ခံတာဖြစ်ပြီး ပြည်သူတွေ မနစ်နာအောင် ဘယ်လိုကောက်မရမယ်ဆိုတာ အော်ပရေတာတွေနဲ့ အတော်လေးညှိနှိုင်းခဲ့ရတယ်လို့လည်း ပြောပါတယ်။
kamayutmedia
ဖုန်းငွေဖြည့်ကတ်အပေါ် အခွန်ကောက်တာ မစိုးရိမ်ဖို့ အစိုးရဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 19, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment