ဒီဓါတ်ပုံဟာ ကွန်ပျူတာနည်းပညာနဲ့ ပြန်လည်ပြုပြင်ထားတာမဟုတ်ပါဘူး။
ဗြိတိန်တော်ဝင်မိသားစုရဲ့ တော်ဝင်လေတပ်အဖွဲ့ သရုပ်ပြပွဲမှာ ချိန်သားကိုက်
ရိုက်မိသွားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။
လေယာဉ်နီကိုးစင်းက
အနီရောင်မြှားတွေပုံစံ အလှပြပြီး ပျံသန်းနေချိန်မှာ တက္ကသိုလ်ပထမနှစ်
ကျောင်းသားလေးဖစ်တဲ့ ဂျိတ်က အချိန်ကိုက်မှတ်တမ်းတင်လိုက်နိုင်တဲ့
ဓါတ်ပုံဖြစ်ပါတယ်။ လေယာဉ် ခြောက်စင်းသရုပ်ပြပျံသန်းနေတာကို
ဓါတ်ပုံမှတ်တမ်းတင်လိုက်တဲ့ အချိန်မှာ ဇင်ယော်ငှက်လေးတစ်ကောင် ပျံသန်းမှုက
ကင်မရာမြင်ကွင်းထဲ ဝင်လာပြီး အခုလိုဓါတ်ပုံ ရသွားခဲ့တာဖြစ်ပါတယ်။
ဒီဓါတ်ပုံက ချက်ခြင်းနာမည်ကြီးလာပြီး အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ
အကြိမ်ပေါင်းများစွာ ပြန်လည်ဝေမျှခြင်း ခံခဲ့ရတဲ့ ဓါတ်ပုံဖြစ်လာပါတယ်။
ဒီဓါတ်ပုံ တင်ထားတဲ့ဝက်ဘ်ဆိုက်မှာ ဒီပုံကိုကြည့်ရှုသူပေါင်း
တစ်သန်းကျော်သွားပြီ ဖြစ်ပါတယ်။
ကိုးစင်းမြောက်လေယာဉ်ရဲ့ နေရာမှာ ဇင်ယော်ငှက်လေးက ချိန်သားကိုက် နေရာယူနိုင်ခဲ့တာဖြစ်လို့ ဒီဓါတ်ပုံဟာ လူကြိုက်များလာခဲ့ပါတယ်။
http://www.planet.com.mm/detail/27886/World
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, May 27, 2015
တော်ဝင်လေတပ်သရုပ်ပြပွဲမှာ နာမည်ကြီးသွားတဲ့ဓါတ်ပုံ
တော်ဝင်လေတပ်သရုပ်ပြပွဲမှာ နာမည်ကြီးသွားတဲ့ဓါတ်ပုံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 27, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment