CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 25, 2015
ကားများ အရှိန်လျှော့မောင်းရေး လမ်းမပေါ် အိပ်ရာ တစ်ခုချပြီး ဆန္ဒပြ
ဝေးလ်စ်နိုင်ငံ ကာဒစ်ဖ်မြို့မှ လူတစ်ဦးသည် အိပ်ရာ တစ်ခုကို အဝေးပြေး လမ်းမ၌ ကားရှုပ်ချိန်တွင် ဆွဲပြေးကာ ယာဉ်စည်းကမ်း အားနည်းမှု များကြောင့် (၁၂) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရခြင်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကလေးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အဆိုပါနီနန် ပန်းခြံလမ်းတွင် ကားတစ်စီးဖြင့် တိုက်မိပြီး သေဆုံးခဲ့ရသည့် (၁၂) နှစ်အရွယ် ဟာမစ်အလီခန်း ဆိုသူ ဖြစ်သည်။ ထို့ကြောင့် ကာဒစ်ဖ်ဒေသခံ တစ်ဦး ဖြစ်သည့် လေတန်ပရိစ်က ထိုလမ်းတွင် အိပ်ရာခင်း တစ်ခုကို ဆွဲပြေးကာ ကားများ လမ်းစည်းကမ်း လိုက်နာကြရန် ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
၎င်း၏ ဆန္ဒပြမှုမှာ ကြာသပတေးနေ့ က အသက် ကိုးနှစ်အရွယ် မိန်းကလေး တစ်ဦး လမ်းဖြတ်ကူးစဉ် ကားတိုက်မှုကြောင့် ဒဏ်ရာများရခဲ့ ပြီးနောက် အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ သေသွားတဲ့ ဟာမစ်ကို ကျွန်တော် ခရစ်ကတ် သင်ပေးခဲ့တာပါ။ သူ့ကို ကလေးလေး ဘ၀က ထဲက သိပါတယ်။ ဒီလမ်းပေါ်မှာ ကားတွေကို အရှိန်ကန့်သတ်တာ လုပ်ဖို့ လိုနေပါတယ်။ လူတွေ ကားမောင်းတာ အရမ်းမြန်နေပြီး ဒီနားမှာက ရပ်ရမှာ ဖြစ်ပါ တယ် ဟု လေတန်က ဆိုသည်။
အထက်ပါ ကလေးငယ် ဟာမစ် သေဆုံးမှုကြောင့် လူ (၂၀၀) ခန့် ကလည်း လက်မှတ်ရေးထိုး တောင်းဆိုမှုများ လုပ်ကာ ကားများသည့် ထိုလမ်းတွင် ယာဉ်ကျော စနစ်တကျ ထိန်းသိမ်းရေးများ လုပ်ရန် တောင်းဆို တိုက်တွန်း ခဲ့သည်။ ဟာမစ် သေဆုံးမှုကြောင့် ထိုလမ်းအနီး ဒေသခံ များမှာ ကားများအား “ဖြည်းဖြည်းမောင်း ဟု ရေးထားသည့် စာတန်းများဖြင့် လမ်းဘေးတွင် ကိုင်ဆောင်ရပ်တန့်ကာ ဆန္ဒပြမှု များလည်း ပေါ်ထွက်ခဲ့ ဖူးသည်။ လမ်းလယ် အရှိန်ထိန်းတုံး Slowdown တွေဟာ အိပ်ပျော်နေတဲ့ လမ်းပြ ပုလိပ်လို့ တင်စားကြ တာရှိ လို့ပါ။ ကျွန်တော်လည်း အိပ်ပျော်နေတဲ့ နိုင်ငံသား တစ်ဦးပါ ဟု ဆန္ဒပြရခြင်း အကြောင်းကို လေတန်က ရှင်းပြခဲ့သည်။
Messenger News Journal
ကားများ အရှိန်လျှော့မောင်းရေး လမ်းမပေါ် အိပ်ရာ တစ်ခုချပြီး ဆန္ဒပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment