Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 11, 2015

မေးခွန်းထုတ်စရာ စာအုပ်မျက်နှာဖုံး


စာအုပ်အမည်က -
” ကမ္ဘာကြီးအား ပြောင်းလဲစေသော နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု”

စာရေးသူက -
” မောင်စင်ကြယ် ”

ထုတ်ဝေသူက -
” ဦးကျော်ကျော်ဝေ၊ ရွက်စိမ်းစာပေ၊ လမ်းမတော်၊ ရန်ကုန်”
( လိပ်စာ အတိအကျမပါ )

စာအုပ်ဖြန့်ချိသူ – အမည်နှင့် လိပ်စာ ဖော်ပြမထား။

မျက်နှာဖုံးဒီဇိုင်း ပြုလုပ်သူကို အမည်ဖော်ပြမထား။

စာအုပ်မှာ ကမ္ဘာ့သမိုင်းနှင့် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် ခေါင်းဆောင်အချို့ လုပ်ကြံခံရမှုများကို ရေးသား ဖော်ပြထားသည်။
အေဗရာဟင် လင်ကွန်း၊ ဇာနီကိုးလတ်စ်၊ ချီဂွေဗားရား၊ ကနေဒီ၊ မာတင်လူသာကင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ စောဘဦးကြီး၊ မိုဟင်ဒတ်စ်ဂန္ဒီ စသဖြင့် ခေါင်းဆောင် ၁၇ ဦး လုပ်ကြံခံခဲ့ရသည်များကို ရေးသားထားသည်။

ထိုစာအုပ်မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးသူ ဖြစ်ပါသလော။
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူများအကြောင်း စာအုပ်မျက်နှာဖုံးတွင် မည်သည့်ရည်ရွယ်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ထည့်ရပါသနည်း။

စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်းသာ ပါရှိပြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရသည့်အကြောင်း အကျယ်တ၀င့်မပါဝင်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖော်ပြအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအကျဉ်းကိုလည်း ဆက်လက်ဖော်ပြထားပြန်သေးသည်။ ( ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖော်ပြထားရာတွင်လည်း ဒီပဲယင်း လုပ်ကြံမှုကို ထည့်သွင်းဖော်ပြထားခြင်း မပါရှိပါ။ )

စာအုပ်အမည်၊ စာအုပ်ပါ အကြောင်းအရာများသည် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုရော အတ္ထုပ္ပတ္တိအကျဉ်းကိုပါ ထည့်သွင်းဖော်ပြရန် လိုအပ်ပါသလော။

ကျဆုံးခဲ့ပြီးသော ခေါင်းဆောင်များ၏အကြောင်း စာအုပ် မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖော်ပြခြင်းနှင့် စာအုပ်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းဖော်ပြခြင်းမှာ ထိုစာအုပ်ရေးသူ နှင့် စာအုပ်မျက်နှာဖုံး ဖန်တီးသူတို့က မည်သည့်ရည်ရွယ်ချက်နှင့် ဖော်ပြပါသနည်းဟု မေးစရာဖြစ်နေပါသည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့လေဟန် သဘောသက်ရောက်စေသည့် ဤစာအုပ်၏ ဖော်ပြမှုများသည် ရိုးသားမှုရှိပါသလော။

Credit: Eleven Media

No comments:

Post a Comment