Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 22, 2015

အမျိုးသားမဂ္ဂဇင်းအတွက် မျက်နှာဖုံးပုံ ရိုက်ပေးတဲ့ ကျောင်းဆရာလေး


ကမ္ဘာပေါ်မှာ လိင်ဆွဲဆောင်မှုအရှိဆုံး ကျောင်းဆရာလေးလို့ သတ်မှတ်ခံထားရတဲ့ ပီထရိုဘိုဆယ်လီဟာ အမျိုး သားမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ attiude အတွက် သူ့ရဲ့ကြွက်သားအလှကို ပြသတဲ့အနေနဲ့ အတွင်းခံကိုပဲ ၀တ်ဆင်ပြီး မျက်နှာဖုံးမော်ဒယ်အဖြစ် ဓါတ်ပုံအရိုက်ခံခဲ့တာမို့ သူ့ရဲ့မော်ဒယ်ဖြတ်သန်းမှုက ပိုမိုကျယ်ပြန့်လာဖို့ ရှိနေပါတယ်။

အသက် ၂၆ နှစ်သာ ရှိသေးတဲ့ ဘိုဆယ်လီဟာ ကောလိပ်လန်ဒန် တက္ကသိုလ်မှာ စက်မှုအင်ဂျင်နီယာဘာသာ ရပ်ကို သင်ကြားပေးနေတဲ့ ဒေါက်တာဘွဲ့ရ ကျောင်းဆရာတစ်ဦးဖြစ်နေတဲ့ အချက်ကလည်း သူ့ကို ပိုမိုနာမည် ကြီးစေတဲ့အချက် ဖြစ်နေပါတယ်။ ဒီနှစ် အစောပိုင်းမှာ ကောလိပ်လန်ဒန်က တပည့်တစ်ယောက်က အွန်လိုင်း မှာ ဘိုဆယ်လီ မော်ဒယ်အဖြစ် သရုပ်ဆောင်ထားတဲ့ ဓါတ်ပုံကို တွေ့ရှိသွားခဲ့ပြီး ဘိုဆယ်လီရဲ့ဒုတိယ အသက် မွေးဝမ်းကျောင်းလုပ်ငန်းက မော်ဒယ်ဆိုတာ သိရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဘိုဆယ်လီက အခုလို ကျောင်းဆရာ နဲ့ မော်ဒယ်ဘ၀နှစ်ခုမှာ နေရတာဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘဲ တချို့ကျောင်းသားတွေဆိုရင် သူ့ရဲ့ဝမ်းဗိုက်ကြွက်သားကို ကိုင်ဖို့အထိတောင် ကြိုးစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဘိုဆယ်လီဟာ attitude မဂ္ဂဇင်းအတွက် မျက်နှာသစ်မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးရာမှာတော့ အခက်အခဲမရှိတာ တွေ့ရပါတယ်။ ဘိုဆယ်လီဟာ ဒီနှစ်ဇွန်လထုတ် attitude မဂ္ဂဇင်းအတွက် မော်ဒယ်လုပ်ပေးရတာကို ပျော်ရွှင်မိကြောင်း၊ မော်ဒယ်အလုပ်အကြောင်း တခါတလေ စဉ်းစားရတာ စိတ်ရှုပ်ထွေးသလို ရှိရပေမယ့် အဆင်ပြေကြောင်း ပြောကြားခဲ့ပါတယ်။

Ref - etonline
 http://www.planet.com.mm/detail/27846/World

No comments:

Post a Comment