Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 22, 2015

အင်တာနက်မြန်ဆန်လာဖို့ တရုတ်က ကန်ဒေါ်လာ ၁၈၂ ဘီလီယံ သုံးမည်

အင်တာနက်မြန်ဆန်လာဖို့ တရုတ်က ကန်ဒေါ်လာ ၁၈၂ ဘီလီယံ သုံးမည်

တရုတ်နိုင်ငံရဲ့ အင်တာနက်ပိုမိုမြန်ဆန်လာဖို့အတွက် ကန်ဒေါ်လာ ၁၈၂ ဘီလီယံအထိ သုံးစွဲပြီး ရင်းနှီးမြုပ်နှံသွားမှာဖြစ်ကြောင်း တရုတ်ထိပ်တန်းအစိုးရ အရာရှိတစ်ဦးက ပြောလိုက်ပါတယ်။ ဒီစီမံကိန်းကို ၂၀၁၇ ခုနှစ်မှာ အပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။


ဒီတစ်နှစ်ထဲမှာတင် အင်တာနက်ကွန်ယက်နယ်ပယ်အတွင်းမှာ အစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုက ကန်ဒေါ်လာ ၆၉.၃ ဘီလီယံ အထိရှိထားပါတယ်။ နောက်လာမယ့် နှစ်နှစ်အတွင်းမှာ ကန်ဒေါ်လာ ၁၁၂.၈ ဘီလီယံ ဆက်ပြီးရင်းနှီးမြုပ်နှံဦးမယ်လို့ တရုတ်အစိုးရက ပြောတာဖြစ်ပါတယ်။ အင်တာနက် ဖိုက်ဘာဆက်ကြောင်းတွေနဲ့ 4G အင်တာနက်လိုင်းကို ပိုမိုးတိုးတက်ပြီး သုံးစွဲနိုင်အောင် တရုတ်အစိုးရက လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကမ္ဘာအင်တာနက် အမြန်ဆုံးနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက အဆင့် ၈၂ ရှိပါတယ်။ ဒေသတွင်းမှာဆိုရင်တော့ မလေးရှား၊ ထိုင်း တို့ထက် ပိုပြီး အင်တာနက်မြန်နှုန်းနှေးကွေးတယ်လို့ ၂၀၁၄ တုန်းကပြုစုတဲ့ အစီရင်ခံစာမှာ ဖော်ပြဖူးပါတယ်။


တရုတ်နိုင်ငံဟာ အရည်သွေးနိမ့်နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်နေရာကနေ ရှေ့ကိုတက်လှမ်းဖို့ ခြေလှမ်းလှမ်းလိုက်တာလည်းဖြစ်ပါတယ်။


Ref - huffitonpost
 http://www.planet.com.mm/detail/27843/World

No comments:

Post a Comment