CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, May 3, 2015
စက္ကန့် ၆၀ အတွင်း အိပ်ပျော်စေမယ့် နည်းလမ်း
ညအိပ် မပျော်သူများအတွက် အိပ်ပျော် မြန်စေမယ့် နည်းလမ်း အသစ်ကို ဟားဗတ်စ် တက္ကသိုလ်မှ ထရိန်နာ Dr Andrew Weil မှ မျှဝေပေးခဲ့ပါတယ်။ အရင် တုန်းက လူသုံးများတဲ့ နည်းလမ်းက ဓာတ်ပုံထဲမှာ သိုးဘယ်နှစ်ကောင် ပါသလဲ ဆိုတဲ့ ဥာဏ်စမ်းဖြစ်ပြီး အချို့အတွက်က အဆင်မပြေပါဘူး။ ယခု နည်းလမ်း အသစ်ကတော့ 4-7-8 technique (၄-၇-၈ စနစ်) ဖြစ်ပါတယ်။
၎ စက္ကန့်စာ အသက်ရှူသွင်းမှုကို ပြုလုပ်ပါ။ ပါးစပ်ပိတ်ပြီး နှာခေါင်းဖြင့်သာ လုပ်ရပါမယ်။
ပြီးရင် ၇ စက္ကန့်စာ အသက်အောင့်ထားပါ။
ပြီးရင် ၈ စက္ကန့်စာ လေထုတ်ပါ။ လေကို ထုတ်တဲ့ အခါ နှာခေါင်းကနေ မထုတ်ပါနဲ့။ ပါးစပ်ကနေ ထုတ်ရမှာ ဖြစ်ပြီး လျှာကို အပေါ်သွားနောက်ကျောက သွားဖုံး အသားကို ထိထားပါ။ ဒီတော့ လေထုတ်တဲ့အခါ ရှူ…. ဆိုပြီးတော့ အသံ ထွက်လာ ပါလိမ့်မယ်။
အဲ့ဒီ ၄-၇-၈ လေရှု၊ အသက်အောင့်၊ လေထုတ် လုပ်ဆောင်ချက်ကို လေးခါ တိတိ ပြုလုပ်တဲ့အခါ အိပ်ပျော်ချင်သွားပါလိမ့်မယ်။ စုစုပေါင်း လေးခါ တိတိ လုပ်ရင် ၅၇ စက္ကန့်ပဲ ကြာပါမယ်။
ယင်း နည်းလမ်းကို စကျင့်တဲ့အခါ အိပ်မပျော်နိုင်ဘူးလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အကယ်၍ အဲ့လိုဖြစ်တယ်ဆိုရင် မနက်အိပ်ယာထတဲ့ အချိန်နဲ့ ညနေ အိပ်ခါနီး အချိန်မျာ ပုံမှာ ကျင့်သွားနိုင်ပါတယ်။ ကျင့်ပြီးတဲ့ တစ်ပတ် အကြာမှာတော့ သိသိသာသာ တိုးတက်လာပြီး ညအိပ်မပျော်တဲ့အခါ ယင်းနည်းလမ်းနဲ့ လုပ်တဲ့အခါ အိပ်ပျော်သွားပါ လိမ့်မယ်။
ယင်းကျင့်စဉ်ဟာ ယောဂ ကျင့်စဉ်ကနေ ထွက်ရှိလာတာဖြစ်တာကြောင့် အခြား ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပြုပါလိမ့်မယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
စက္ကန့် ၆၀ အတွင်း အိပ်ပျော်စေမယ့် နည်းလမ်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment