Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 29, 2015

ပြည်သူ့ဘက်တော်သား သံမဏိမယ်ကို ကြံ့/ဖွံ့အစိုးရမှ ထောင်ချလေပြီ

အပိုင်း(1)
နိုင်ငံရေးလောကထဲတွင် ပြည်သူဘက်က ပရိယာယ်မပါဘဲ ပြတ်သားစွာရပ်တည်သောဂုဏ်သရေရှိအမျိုးသမီးကြီးတစ်ဦးဖြစ်သူမိတ္တီလာဒေါ်မြင့်မြင့်အေးကို ကြံ့/ဖွံ့အစိုရက 26 .5.15 နေ့ကမိတ္တီလာခရိုင်ဝမ်းတွင်းမြို့နယ်တရားရုံးက ပုဒ်မ( 447)ဖြင့်ထောင်ချလိုက်ပြီဖြစ်သည်။
ဒေါ်မြင့်မြင့်အေးနှင့်အတူမိတ္တီလာပြည်သူအကျိုးဆောင်ကွန်ရက်ရက်မှကိုကျော်နိုင် ဖိုးလပြည့်တို့ကိုပုဒ်မ447နှင့်(2)လစီလယ်သမား(6)ဦးကိုပုဒ်မ447နှင့်(3)လစီပုဒ်မ427ဖြင့်(2)လစီစုစုပေါင်(5)လစီကိုဝမ်းတွင်းမြိုနယ်တရားသူကြီးကစီရင်ချက်ချလိုက်သည်။
အမှုမှာလွန်ခဲသည် (3)နှစ်လောက်ကဝမ်းတွင်းမြိုနယ် သစ်တောမြေဟုအစိုးရကသတ်မှတ်ထားသောအညင်ပွားမြေတွင် တောင်သူများကခုတ်ထွင်ရှင်းလင်း၍တောင်ယာလုပ်ကိုင်ရာမှအစိုအာဏာပိုင်များနှင်သစ်တောရေးရာဌာနတိုက၎င်းတိုနှင့်ပတ်သက်သူများကိုအသုံးချ၍ ပုဒ်မ447ပိုင်နက်ကျူးလွန်မှု 427 အကျိုးစီးပွားဖျက်စည်းမှု 107အားပေးကူညီမှု 379 ခိုးမှုတိုဖြင့်တရားစွဲခြင်းဖြစ်သည်။
အလွန်စက်စုပ်စရာကောင်းလှသောယုတ်မာမှုဖြစ်သည်။
မိတ္ထီလာဒေါ်မြင့်အေးဆိုသောအမျိုးသမီးကြီမှာနယ်နယ်ရရအမျိုးသမီးကြီးတစ်ယောက်မဟုတ် သာမန်အမျိုးသမီးကြီးတစ်ယောက်မဟုတ်ပါ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကို 1988 မှယနေ့အချိန်အထိ ထောင်ထဲတွင်အလီလီအကြီမ်ကြိမ်ထိမ်းသိမ်းခံရပြီးမမှိတ်မသုန်ုကြိုးပမ်းနေသူမြန်မာသိ ကမ္ဘာသိဂုဏ်သရေရှိအမျိုးသမီးကြီးဖြစ်သည်။ရှာမှရှားအာဂအမျိုးသမီးကြီးဖြစ်သည်။
ဒေါ်မြင့်အေး၏ပြည်သူ့အတွက်လုပ်ဆောင်ချက်များကိုဖော်ပြပါကအလွန်များပြားလှပါသည်။
ယနေ့မြန်မာနိုင်ငံတွင်ကျော်ကြားလှသော ခေတ်အဆက်ဆက်တောင်သူလယ်သမားတိုထံမှမတရားသိမ်းဆည်းခံလယ်များပြန်ရအောင်တရားနည်းလမ်ကျစွာကြိုစားမရပါကထွန်တုံးတိုက်ပွဲဖြင့်လယ်ဆင်းထွန်သောလုပ်ရပ်ကို ဒေါ်မြင့်မြင့်အေးကကိုယ်တိုင်ဦးဆောင်၍စတင်ကာတိုက်ပွဲဝင်ပေးခဲ့ခြင်းဖြစ်သည်။လက်ရှိထွန်တုံးတိုက်ပွဲတို့၏မိခင်ဖြစ်သည်။
တနိုင်ငံလုံးရှိ မတရားလယ်သိမ်းခံတောင်သူလယ်သမားတို့ထံသိုလှည့်ပတ်သွားလာကာအားပေးကူညီဆောင်ရွက်လျက်ရှိသည်။လက်ပန်တောင်းတောင်တွင်ဒေသခံ(26)ရွာသို့သွားရောက်ကာပညာပေးဟောပြောခြင်း၊လူငယ်လူကြီးပေါင်စုံကိုသင်တန်းများပေးခြင်းသဘာဝပတ်ဝန်းကျင်လူမှုပတ်ဝန်းကျင်အသိပညာအတွက်ဝိမုတ္ထိလူမှုအဖွဲမှမခင်မိမိခိုင် အမျိုးသမီးကွန်ရက်မှ မနော်အုံးလှအဖွဲတို့နှင်ပေါင်း၍သင်တန်းပေးခြင်းတို့ကို ကိုယ်ပိုင်အိမ်ခြံရောင်းရငွေတို့ဖြင့်ပြုလုပ်ခဲ့သော အမျိုးသမီးကြီးဖြစ်သည်။
ဒေါ်မြင့်မြင့်အေးမှာသာမန်အားဖြင် လွန်စွာယဉ်ကျေးသိမ်မွေသူဖြစ်သော်လည်း မဟုတ်မတရားလုပ်သူများ အထူးသဖြင့်လူထုကိုအနိုင်ကျင့်သောအာဏာပိုင်များနှင့်တွေသောအခါ၎င်း၏စိတ်မှာသံမဏိကဲ့သို့မာကြောလာကာ ပြတ်ပြတ်သားသားပြောဆိုလုပ်ကိုင်တတ်သူဖြစ်၍မဟုတ်တာလုပ်သော အာဏာပိုင်များအလွန်ကြောက်သောသံမဏိမယ်အမျိုးသမီကြီးဖြစ်သည်။
ပြည်သူပြည်သားအပေါင်းတို့ခင်ဗျား ဒေါ်မြင့်မြင့်အေးလိုဂုဏ်သရေရှိမြန်မာအမျိုးသမီးတစ်ဦးကအစိုးရတရားစွဲသလိုပုဒ်မ447အရ ပိုင်နက်ကျူးလွန်သူဟု၎င်း ပုဒ်မ 427 အရအကျိုးစီးပွားများဖျက်စည်းသူဟူ၍၎င်း ပုဒ်မ107 အရမဟုတ်တာအတွက်အားပေးသူအဖြစ်၎င်း ပုဒ်မ 379 အရခိုးယူသူအဖြစ်၎င်း ယုံကြည်ကြပါသလား? ကျွနုပ်တို့မယုံသော်လည်းမြန်မာနိုင်ငံတရားရေးစနစ်နှင့်တရားရေးဝန်ထမ်းတို့ကယုံကြည်၍အမှုလက်ခံစစ်ဆေးခဲ့ပါသည် ။စစ်ဆေးတာမှရိုးရိုးမဟုတ်(2)နှစ်အချိန်ယူစစ်ဆေးခဲ့ကြသည်။ထူးဆန်းပေစွပြည်မြန်မာ။
တရုတ်တွေ၊စစ်အာဏာပိုင်တွေ ခရိုနီတွေ မြန်မာတနိုင်ငံလုံးကသစ်တောတွေခုတ်မြေတွေသိမ်းတာတွေတော့မြန်မာတရားရေးစနစ်ကတုတ်တုတ်မျှမလှုပ် ကြံ့/ဖွံ့အစိုးရနဲ့တကွုမြန်မားတရားရေးစနစ်ကပတ်သက်သူအားလုံး ရှက်တတ်ရင် ဘင်္ဂလားပင်လယ်အော်ဆိုတာနီးနီးလေးပါ။
သေခြာတာတစ်ခုကတော့ဒေါ်မြင့်မြင့်အေးကို ဒီပုံစံနဲနှိပ်ကွပ်လိုမရဘူး မိတ္ထီလာဒေါ်မြင့်မြင့်အေးဆိုတာ မီးလျံကြားကဖိနစ်ငှက် ဘယ်တော့မှ မကျဆုံးဘူး ပြည်သူ့အတွက်သံမဏိမယ်လေ။
(အမမြင့်မြင့်အေးအတွက်အမှတ်တရ kzy)
Ko Zaw Yan

နိုင်ငံရေးလောကထဲတွင် ပြည်သူဘက်က ပရိယာယ်မပါဘဲ ပြတ်သားစွာရပ်တည်သောဂုဏ်သရေရှိအမျိုးသမီးကြီးတစ်ဦးဖြစ်သူမိတ္တီလာဒေါ်မြင့်မြင့်...

Posted by The Melting Pot 4 U on Friday, 29 May 2015

No comments:

Post a Comment