မောင်မောင်ကျော် ၊ယခုတစ်ပတ်ထုတ် The Street View Journal
================= ========== =============
ကျနော်အလုပ်လုပ်နေ တဲ့ စတေရှင် ကိုအသစ်ပြောင်းလာတဲ့ 
သူကနယူးယောက်သား ဂန္ဓာလရာဇ်နွယ်ဖွားမစ္စတာ လီ။ သူ့ နာမည်ကိုမစ္စတာလီ လို့ ဘဲသုံးပါမယ်။ သူက နယူးယောက် မှာမွေးနယူးယောက် မှာကြီးတဲ့ တကယ့် ယန်းကီးစရိုက်ရှိ တဲ့ တရုတ်၊ ဒါပေမယ့်စီမံခန့် ခွဲမှုတွေ
မှာတော့ ယန်းကီးမဟုတ်။ အရင်းရှင်ဖြစ်ဖြစ်၊ ကွန်မြူနစ်ဖြစ်ဖြစ် တရုတ်ဟာ တရုတ်ဘဲဆို တဲ့ အယူအဆကို သုံးပြီး နားလည်ရမည့် သဘော။ မစ္စတာလီရောက်လာတော့မှဘဲ၊
ကျနော့်အလုပ်ရှင်ဂျူးကြီးဘာကြောင့်ကျနော့်စတေရှင်ကိုမကြာမကြာရောက်လာသလည်းဆိုတာသဘောပေါက်တော့ တယ်။မစ္စတာလီစပြောင်းလာပြီးတပါတ်အတွင်းမှာဘဲ၊အပြောင်းအလဲတွေဖြစ်တွေ၊ ကိုယ်ကောင်းဖို့ ပြောင်းတာ မဟုတ်၊သူကောင်းဖို့ ပြောင်းတာတွေလို့ ဘဲပြောရမယ်။မစ္စတာလီကဘတ်ဂျက်ဖြတ်တဲ့ နေရာမှာအတော်
လက် သံပြောင်တဲ့ သူ။သူတာဝန်ကျခဲ့ တဲ့ စတေရှင်တွေမှာအဆောက်အဦပျြပြင်ထိန်းသိမ်းရေးအတွက်အသုံး စားရိတ်တွေတနှစ်အတွင်းစံချိန်တင်လောက်အောင်လျှော့ချခဲ့ တယ်လို့ နာမည်ရတဲ့ သူ။မစ္စတာလီစပြီးပြောင်း လာတဲ့ပထမအပါတ်မှာကတည်းကဒီလူဟာဘတ်ဂျက်နဲ့ပါတ်သက်ပြီးအင်မတန်လက်ပေါက်ကပ်မည့်သူ ဆိုတာသဘောပေါက်လိုက်တယ်။သူ့ရာထူးနေရာကအများအားဖြင့်လူဖြူတွေသာရတတ်တဲ့နေရာမျိုး၊လူဖြူတွေ အများကြီးထဲမှာမှလူဝါတယောက်အဲဒီနေရာရလာတယ်ဆိုကတည်းကဒီလူမှာတခုခုနောက်ခံအဆက် အသွယ်ရှိရမယ်၊ပညာအရည်အချင်းလည်းမခေသူဖြစ်ရမယ်ဆိုတာတော့အကြမ်းဖျဉ်းသဘောပေါက်ထားတယ်။သူ့ရုံးခန်းနံရံမှာချိတ်ထားတဲ့ဘွဲ့လက်မှတ်တွေကိုကြည့်လိုက်တာနဲ့ နယူးယောက်မှာရှိတဲ့နာမည်ကြီးတက္ကသိုလ်တခုကနေဘွဲ့ရခဲ့တဲ့သူဖြစ်တာရယ်၊လူမှုရေးနယ်ပါယ်မှာအပေါင်းအသင်းဆန့်တဲ့သူတယောက်ဖြစ်တယ်ဆိုတာခန့်မှန်းကြည့်လို့ရတယ်။သူကကျနော့်ရဲ့ နာမည်ကိုကြည်ပြီးမင်းတရုတ်လားလို့မေးတယ်။မဟုတ်ပါဘူးကျနော့်နာမည်အင်္ဂလိပ်စာလုံးပေါင်းMaungဆိုရင်တခြားလူမျိုးတွေအသံထွက်ရခက်လို့ nနဲ့gကိုဖျောက်ပြီးMauလို့ အလွယ်ပြောတာပါ။ကျနော်ဗမာပြည်ကပါလို့ ပြောလိုက်တယ်။အဲဒီတော့မှဒီဆရာသမားကဗမာပြည်ကိုကောင်းကောင်းသိတဲ့အမေရိကန်ဖြစ်နေတာကိုး။သူ့ သူငယ်ချင်းတယောက်ကဗမာပြည်ကတရုတ်၊ ဆရာဝန်လို့ ပြောတယ်။နဲနဲစိတ်သက်သာရာရခဲ့တာကသူ့ငယ်ချင်းတရုတ်ဆရာဝန်ကအရမ်းချမ်းသာတဲ့လူဖြစ်ပါလိမ့်မယ်။ဗမာပြည်ကလူချမ်းသာတယောက်နဲ့ သူငယ်ချင်းဖြစ်ထားတော့ဗမာပြည်ကိုသိပ်ပြီးအထင်သေးတဲ့ဟန်မပြ။မစ္စတာလီပြောင်းလာပြီးနောက်တရက်မှာကျနော့်မန်နေဂျာရောက်လာပြီး။ကျနော့်ကိုအရေးတကြီးတခုကပ်ပြောသွားတယ်။ဒီငနဲကိုအထူးသတိထားပါကွာတဲ့။ပြီးခဲ့တဲ့လကသူဘတ်ဂျက်ဖြတ်လို့ ငါတို့ စတေရှင်၂ခုအတွက်ကန်ထရိုက်ဆုံးသွားတယ်။အခုဒီစတေရှင်လည်းသိပ်စိတ်မချရတော့ဘူးတဲ့။ဒီလူကMicro Managerမျိုးကွတဲ့။သူပြောသွား တဲ့အ တိုင်းအတိအကျပါဘဲ။တကဲ့မိုက်ကရိုမန်နေဂျာ။မစ္စတာလီပြောင်းလာကတည်းကစပြီးအရင်ကလို ပစ္စည်းပစ္စယတွေလွယ်လွယ်ကူကူပေါပေါများများမရတော့။ဥပမာUပုံသဏ္ဍာန်မီးချောင်းတွေလိုဟာမျိုးဆိုရင် လွယ်လွယ်ကူကူလဲတပ်လို့မရတော့။ဘယ်မှာမီးလုံး၊မီးချောင်းကြွမ်းနေပါပြီဆ်ုပြီးမစ္စတာလီကိုသတင်းပို့ ရတယ်။သူကအဲဒီနေရာတွေကိုသွားကြည့်ပြီးမှအတည်ပြုတယ်။သူအတည်ပြုမှလဲတပ်ဒါမှမဟုတ်ကုန်နေရင်ကျနော့်မန်နေဂျာကိုသတင်းပို့ ၊မန်နေဂျာကကုန်မာဖြန့်ချီရေးကနေမှာ၊လာပို့ ၊ကျနော်ကလက်ခံယူ၊စစ်ဆေး၊ပြီးရင်လက်ခံဘောက်ချာကိုမစ္စတာလီကိုသွားပေး။သာမန်မီးလုံးမီးချောင်းတွေကဈေးပေါတော့ကဒ်ထူပုံးနဲ့တပုံးမှာ၂၄ခုစီပါတော့ဘာမှဈေးသိပ်မကြီး။ဒါပေမယ့်Uပုံသဏ္ဍာန်မီးချောင်းတခုကိုလက်လီဈေးမှာ$၂၅ လောက်ပေးရတော့တပုံးကို$၅၀၀ လောက်ကျတယ်။၃လမှတပုံးလောက်ဝယ်ရတဲ့ကိစ္စပေမယ့်မိုက်ကရိုမန်နေဂျာဖြစ်တဲ့မစ္စတာလီကတော့အဲ့ဒီလိုအသေးအဖွဲရာဂဏန်းကိစ္စကလေးတွေကိုပါလိုက်ကြည့်တယ်။တလကျော်လောက်ကြာတဲ့အခါမစ္စတာလီရဲ့လုပ်ရပ်ကိုလုံးဝသဘော ပေါက်သွားတယ်။တခြားလေအေးစက်၊အပါအ၀င်သူတို့ လုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်တဲ့ မော်တာလိုစက်ပစ္စည်းတွေ၊မီးခလုတ်တွေစသည်အားဖြင့်အမြဲအသင့်ဆောင်ထားရမည့်အပိုပစ္စည်းကလေးတွေကအစအသေးစိတ်တွေကိုပါလိုက်ပြီးစီစစ်တယ်။သူတို့ အဆောက်အဦးကြီးကိုပေးတဲ့ ပင်မလေအေးစက်ကြီးက၃လုံးရှိတယ်။စက်တစုံကိုကွန်ပရက်ဆာ၂လုံးစီပါတဲ့ စက်တွေ၊တချို့ကွန်ပရက်ဆာတွေကစက်ဆီပုံမှန်မလဲတော့ခနခနရပ်ပြီးလုံလောက်တဲ့ အအေးဓါတ်မရတဲ့ အခါ၊မစ္စတာ လီကိုင်တွယ်ပုံက တချို့ ရုံးခန်းပြတင်းတွေကိုဖွင့်စေတယ်၊ပန်ကာတွေနဲ့ မျှသုံးခိုင်းတယ်။လေအေးစက်ပြင်ဖို့  ရက်အနည်းငယ်ကြာမှသဘောတူတယ်။အစကတော့ဘာကြောင့်မှန်းမသိဘူး။ နောက်တော့ကျနော့်မန်နေဂျာ ကိုမေးရတော့တယ်။သူတို့ မန်နေဂျာတွေအတွက်၃လတကြိမ်ဘတ်ဂျက်အသုံးမှာဆုပေးဒါဏ်ပေးစံနစ်ရှိတယ် ဒါကြောင့်လေအေးစက်ကွန်ပရက်ဆာပြင်ဖို့ ပြောတဲ့ အချိန်ကသူ့ ၃လဘတ်ဂျက်ပြည့်ဖို့ ရက်ပိုင်းအလိုဖြစ်နေ လို့ ။နောက်ပိုင်းမှာလည်းမစ္စတာလီက ဘယ်ပစ္စည်းတွေလိုနေရင်ဘယ်နှစ်ရက်လောက်စောင့်ပါဦးဆိုရင်ကျနော် ကောင်းကောင်းသဘောပေါက်နား လည်သွားတော့တယ်။ဒီလိုနဲ့ နွေရာသီကတော့ပြီးဆုံးသွားခဲ့ တယ်။နောက်ထပ်အခက်အခဲကနယူးယောက် ရဲ့ဆောင်း။နယူးယောက်ဆောင်းနဲ့ ထိပ်တိုက်တိုးရတဲ့ နှစ်။ပူတဲ့ ရာသီပြီးလို့ အေးတဲ့  ရာသီရောက်ပြန်တော့နောက်ထပ်ပြသနာတွေထပ်ကြုံရပြန်တယ်။အဲဒီချောစာပို့ ကုမ္မဏီဝန်ထမ်းတွေ ကနွေရာသီမှာလေအေးစက်ပျက်လို့ သိပ်မအေးတဲ့ အချိန်မှာသာသည်းခံကြပေမယ့်၊ဆောင်းရဲ့အအေး ဒါဏ် အောက်မှာအနွေးဓါတ်မရတာကိုတော့လုံးဝသည်းမခံကြ။သူတို့ သူတို့ မန်နေဂျာမစ္စတာလ်ီရဲ့ ဘတ်ဂျက်အကြောင်းတွေဘာတွေနားလည်မှုပေးမှာမဟုတ်။ကျနော့်အရှေ့ ကနေအလုပ်ထွက်သွားတဲ့  လူကကျနော်တို့ ကုမ္မဏီကို မကျေနပ်ချက်တချိ့ရှိခဲ့ တော့တချိ့အပျက်အဆီးတွေ ကိုအချိန်မှီသတင်း မပို့ ခဲ့ ။သူအလုပ်ပေးသွားသမျှကျ နော် လှိမ့်ခံရတော့တယ်။ အရမ်းအေးလာတာနဲ့ အမျှအရင်ကကောင်းကောင်းမွန်မွန်မပျြပြင်မထိန်းသိမ်းခဲ့ တဲ့ စက်တွေကတခုပြီးတခု ပျက်။ စက်တွေပျက်တာနဲ့ အမျှကျနော်တာဝန်ရှိသမျှတွေကိုပြင်၊ ကျနော့်တာဝန်နဲ့ မသက်ဆိုင်တာတွေ ကိုအစီရင်ခံ၊ ပြီးရင်မန်နေဂျာဆီကသဘောတူချက်ကိုစောင့်။နောက်ပိုင်းတော့မစ္စတာလီကတမျိးပြောင်းသွား တယ်။ငါတို့ လည်းအလုပ်တွေအရမ်းများလို့ နောက်ပိုင်းမင်းလိုအပ်တဲ့ အပိုပစ္စည်းတွေကိုလိုအပ်တဲ့  အရေအတွက်နဲ့ ဈေးနှုန်းတွေ၊ကုန်ကျမယ့်စားရိတ်အကြမ်းဖျဉ်းကိုပါတခါတည်းငါ့ကိုပေးကွာလို့ ပြော လာတယ်။သူ့ ရဲ့ကျေးဇူးကြောင့် နောက်ထပ်အလုပ်တခုတိုးလာပြီး၊လိုအပ်တဲ့ အပိုပစ္စည်းတွေကိုမှာဖို့  အတွက်နာမည်ကျော်ကုန်မာပစ္စည်းစတိုး ကြီးတခုဖြစ်တဲ့ Grainger ကုမ္မဏီကြီးရဲ့ပစ္စည်း ကတ်တလောက်ကြီး ကိုလေ့လာရတယ်၊သူတို့ ရောင်းချတဲ့ ပစ္စ ည်းအမျိးပေါင်းကထောင်ချီနေတယ်။ဂျူးနဲ့ တရုတ်တွေကောင်းမှုနဲ့ အဲဒီကုန်မာပစ္စည်းရောင်းချတဲ့ လုပ်ငန်းကို စိတ်ဝင်တစားလေ့လာဖြစ်တယ်။ဒါပေမယ့်ဂျူးနဲ့ တရုတ်တွေအကြားမှာရေရှည်အလုပ်လုပ်ဖို့ ကသိပ်ပြီးစိတ် မပါတော့၊နောက်ထပ်အလုပ်တခုအထူးသဖြင့်အလုပ်သမားသမဂ္ဂ္ဂရှိတဲ့ အလုပ်တခုကိုပြောင်းဖို့ စိတ်ကူးမိ တယ်။စပြီး ၀င်ကတည်းကဒီအလုပ်မှာ၂နှစ်လောက် လုပ်ပြီးပြောင်းဖို့ သဘောထားနဲ့ ပါ။ ဒါပေမယ့်မူလဆုံးဖြတ်ချက်၂နှစ်အစား၁နှစ်ကျော်ရင်ပြောင်းဖို့ ဆုံးဖြတ်ပြီး၊အဲဒီအလုပ်မှာဆက်ပြီးရှိနေသေး သမျှရနိုင်သမျှအတွေ့ အကြုံတွေဆက်ပြီးယူဖို့ သာဆုးံဖြတ်လိုက်တယ်။ကျနော့်မှာအလုပ်ဟောင်းကနေထွက် တဲ့ အခါကောင်းမွန်တဲ့ ထွက်ခွာခြင်းရှိရမယ်ဆိုတဲ့ အယူအဆရှိတယ်။ဘာကြောင့်လည်းဆိုတော့ အမေရိကန်အလုပ်ရှင်များရဲ့ကမ္ဘာကလေးကတကယ်တော့ သေးသေးကလေးပါ။ တနေ ရာ ကနေ ထွက်သွားပြီးနောက်တနေရာမှာအလုပ်သွားလျှောက်ပေမယ့်အလုပ်ရှင် အချင်းချင်း ဆက်သွယ်ပြီးမေးနိုင်တယ်။နောက်တခုကအရင်းရှင်နိုင်ငံမှာအလုပ်သမားတယောက်အလုပ်လက်မဲ့ဖြစ်ဖို့  ဆိုတာအချိန်မရွေးဖြစ်နိုင်တယ်။ဒါကြောင့်ကိုယ်အလုပ်လုပ်ခဲ့ တဲ့ အလုပ်ဟောင်းကိုတချိန်မဟုတ်တချိန် မှာပြန်သွားရဖို့ အခြေအနေဖြစ်ကောင်းဖြစ်လာတတ်တယ်။ဒါကြောင့်အလုပ်ထွက်တဲ့ အခါပုံစံကျ ၊ကောင်းကောင်း မွန်မွန်အလုပ်ထွက်ခဲ့ တာဟာအကောင်းဆုံးဖြစ် တယ်။အလုပ်မထွက်ခင် ၅လလောက်အတွင်းမှာအဲဒီချောစာပို့ ကုမ္မဏီကမန်နေဂျာတွေနဲ့ ဆက်ဆံရေးကိုပိုကောင်း အောင် လုပ်တယ်။နောက်အလုပ်တွေလျှောက်တဲ့ အခါသူတို့ ရဲ့ထောက်ခံစာတွေလိုကောင်းမှာဖြစ်တဲ့ အတွက်။ အဆောက်အဦရဲ့တပ်ဆင်ထားတဲ့ စက်ပစ္စည်းကရိယာတွေကိုကောင်းကောင်းမှတ်တမ်းတင် တယ်။နောင်တချိန် မြန်မာပြည်မှာပြန်လည်အခြေချနေထိုင်တဲ့ အခါအလုပ်လုပ်ဖို့ အတွက်အသုံးဝင်မည့် အတွေ့ အကြုံတချိ့ကိုထပ်ယူတယ်။လစဉ်ဂျင်နရေတာပျြပြင်ထိန်းသိမ်းရေးလာတဲ့ အင်ဂျင်နီယာကိုမိတ်ဆွေ ဖွဲ့ တယ်။သူစက်ကြီးကိုပြင်နေတဲ့ အချိန်အကူအညီပေးရင်းလေ့လာတယ်။ဂျင်နရေတာကမီးထိုးဆီသုံး ဂျင်နရေတာမျိးဖြစ်ပြီးကီလိုဝပ် ၇၅၀လောက်ထုတ်နိုင်တဲ့ ဂျင်နရေ တာမျိးဖြစ်ပါ တယ်။ မီးထိုးဆီနဲ့ မောင်းတဲ့ ဘျွိင်လာအကြီးကြီးတလုံးရဲ့ပျြပြင်ထိန်းသိမ်းရေးကိုလည်းစက်လာပြင်တဲ့ စက်ဆရာတွေ ဆူပါဗိုက်ဆာတွေနဲ့ မိတ်ဖွဲ့ ပြီးလေ့လာတယ်။အဲဒီအလုပ်မှာတနှစ်နီးပါးကြာတဲ့ အခါမှာကျနော့်ရဲ့ အလုပ်လျှောက်လွှာကိုအသစ်ပြန်ရေးတယ်။နယူးယောက်မှာအတွေ့ အကြုံတနှစ်၊အတွေ့ အကြုံရှိတဲ့  အလုပ်တွေအများကြီးလျှောက်လွှာထဲမှာချရေး။အလုပ်လျှောက်လွှာအသစ်ကလေးကသပ်သပ်ရပ်ရပ်ထွက် လာတယ်။သြဂုတ်လဆန်းမှာအလုပ်အသစ်စလျှောက်တယ်။တိုက်တိုက်ဆိုင်ဆိုင်သြဂုတ်လ၈ရက်နေ့ မှာ အလုပ်အသစ်ကအကြောင်းပြန်တယ်။သူတို့ အလုပ်ကတော့အလုပ်ခန့် တဲ့အချိန်ကစပြီး အလုပ်ဆင်းတဲ့ နေအထိအချိန်တလလောက်ကြာတယ်။လေဆိပ်မှလုပ်ရမည့်အလုပ်၊အမေရိကန်ပြည်ထဲရေး ကနေနောက်ခံရာဇ၀တ်မှုများလုံးဝကင်းရှင်းကြောင်းစာထွက်တဲ့ အထိစောင့်ရတယ်။အလုပ်စဆင်းနိုင်မည့် ရက်ကိုသိရပြီးတဲ့ နောက်၊လက်ရှိလုပ်နေတဲ့ အလုပ်ကိုထွက်စာတင်ရတယ်။ထုံးစံအတိုင်း၂ပါတ်ကြိုပြီး အကြောင်းကြားရတယ်။နောက်နေ့ မှာအလုပ်ခန့် ခဲ့ တဲ့ မန်နေဂျာပိုလန်ဂျူးရောက်လာပြီး၊အလုပ်ထွက် စာကိုလေးလေးစား စားတင်တဲ့ အတွက်ကျေးဇူးတင်ကြောင်းနဲ့ နောက် အလုပ်မှာ အဆင်ပြေပါစေကြောင်းဘာကြောင်းညာကြောင်း ပြောပြီးနုတ်ဆက်။ အလုပ်လုပ်တဲ့ အဆောက်အဦအရှေ့ မှာရှိတဲ့ တနှစ်ကျော်ကျော်လောက်ကျနော်နေ့စဉ်ကော်ဖီဝယ်သောက် မုန့် ဝယ်စားခဲ့ တဲ့ ကော်ဖီဆိုင်ကလေးကအီဂျစ်အာရပ်ညီအကိုနှစ်ယောက်ကိုနုတ်ဆက်တော့ အာရပ်ညီအကိုတွေကမုန့် ရောကော်ဖီရောပိုက်ဆံမယူဘူး။ကျနော့်ဘ၀မှာဂျူးတွေ၊အာရပ်တွေနဲ ပါတ်သက်ပြီးအမှတ်တရ။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, May 29, 2015
ယန်းကီးမြေပေါ်ကကျနော့်ရဲ့အချို့သောဘ၀အတွေ့ ကြုံလေးတွေ(၉)
ယန်းကီးမြေပေါ်ကကျနော့်ရဲ့အချို့သောဘ၀အတွေ့ ကြုံလေးတွေ(၉)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 29, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 29, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment