CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 26, 2015
ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမောလ်သောက်ခြင်းဟာ ရင်သွေးကို ဆိုးရွားစွာ ထိခိုက်စေ
ကိုယ်ဝန်ဆောင်နေစဉ် ပါရာစီတမောလ်သောက်ခြင်းဟာ မမွေးသေးတဲ့ ရင်သွေး မိန်းကလေး၊ ယောင်္ကျားလေးတွထဲက သားယောက်ျားလေးတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ သုတေသနအသစ်တစ်ခုမှ တွေ့ရှိခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ကာလအတွင်း နာကျင်ကိုက်ခဲမှုအတွက် ဆရာဝန်တွေ ညွန်းထားတဲ့ နာမည်ကြီးအကိုက်အခဲပျောက်ဆေးတွေဟာ သားယောင်္ကျားလေးတွေကို အမျိုးသားဟော်မုန်း ထုတ်လုပ်မှု ရပ်သွားစေပြီး မွေးဖွားပြီးနောက်ပိုင်း အချိန်ကြာလာတဲ့အခါ ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
လေ့လာမှုအရ ကိုယ်ဝန်လွယ်စဉ် ပါရာစီတမောလ်သောက်ခြင်း နဲ့ ငယ်ရွယ်တဲ့ကောင်လေးတွေမှာ မျိုးပွားမှုပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေကြား ဆက်နွယ်မှုတွေရှိတာ တွေ့ရကြောင်း သုတေသီတွေက ပြောဆိုပါတယ်။
Testosterone ခေါ်ဝှေးစေ့မှ ထွက်တဲ့ ဟော်မုန်းဟာဆိုရင် အမျိုးသားတွေအတွက် တစ်သက်လုံး ကျန်းမာနေဖို့ မရှိမဖြစ် အရေးကြီးပါတယ်။
သားအိမ်ရှိဟော်မုန်းနဲ့ ထိတွေ့မှုနည်းခြင်းဟာ သန္ဓေအောင်ခြင်း၊ ကပ္ပယ်အိမ် ကင်ဆာနဲ့ အူကျရောဂါ အန္တရာယ်တွေ ဆက်စပ်နေပါတယ်။
ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ပါရာစီတာမောလ်ကို ကြာကြာ မသုံးသင့်ပါဘူး။ မဖြစ်မနေလိုအပ်တဲ့ အခါမှသာ လမ်းညွန်ချက်အတိုင်း သောက်သင့်တယ်လို့ ဆိုပါတယ်။
trend myanmar
http://www.trend.com.mm/2015/05/26/lifestyle-6696
ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမောလ်သောက်ခြင်းဟာ ရင်သွေးကို ဆိုးရွားစွာ ထိခိုက်စေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment