CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 26, 2015
ကျောင်းအပ်နှံရာတွင် ငွေကြေးကောက်ခံမှု မရှိစေရန် ပညာရေး ညွှန်ကြားရေးမှူးများ တာဝန်ယူရမည်
By ဇော်မျိုးလှိုင်
ကျောင်းအပ်နှံရေး သီ တင်းပတ်အတွင်း စာသင်ကျောင်းများတွင် ငွေကြေးကောက်ခံမှုများ မရှိစေရန် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးများက တာဝန် ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သတင်း ရရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးများကို နေပြည်တော်ရှိ အထက(၆) ကျောင်းတွင် မေလ ၁၈ ရက်က တွေ့ဆုံခဲ့ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ငွေကြေး ကောက်ခံမှုများမရှိစေရန် ဆွေး နွေးခဲ့ကြောင်း အခြေခံပညာဦးစီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောသည်။
‘‘ငွေကြေး ကောက်ခံခြင်း မပြုရဘူးဆိုတာကို သက်ဆိုင်ရာ တိုင်းမှူးတွေဆီ စာထွက်ထား တယ်။ သက်ဆိုင်ရာ တိုင်းမှူးတွေ က အဆင့်ဆင့်ကြီးကြပ်ပါ။ ကြီး ကြပ်တဲ့ အောက်မှာ ဖြစ်ပေါ်လာ ရင် ကိုယ့်မှာလည်း တာဝန်ရှိတယ်ဆိုတဲ့အထိ နှုတ်နဲ့ရော၊ စာနဲ့ရော ထွက်ထားပါတယ်’’ဟု အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။
ကျောင်းအပ်နှံစဉ်အချိန်အ တွင်း ငွေကြေးကောက်ခံမှုများရှိ ခဲ့ပါက သက်ဆိုင်ရာမြို့နယ်ပညာ ရေးမှူးရုံးနှင့် တိုင်းပညာရေးညွှန် ကြားရေးမှူးရုံးများသို့ သက်သေနှင့်တကွ တိတိကျကျတိုင်ကြားစေလိုကြောင်း ၎င်းကပြောသည်။
‘‘အခုက ဘယ်ကျောင်းကသိန်းဘယ်နှဆယ် ပေးနေရပါ တယ်ဆိုပြီး သတင်းထွက်တယ်။ ဒါဆိုရင် ပေးခဲ့ရတဲ့သူက ကျွန် တော့်သား ဘယ်နှတန်းက ကျောင်းအပ်ချင်လို့ ဆရာမကြီး ကို ဘယ်သူ့ရှေ့မှာ သိန်းဘယ် လောက်ပေးလိုက်ရပါတယ်ဆိုပြီး အတိအကျတိုင်စေချင်တယ်။ အဲ ဒါဆို အဲဒီဆရာမကြီးနဲ့ သက် သေကို စစ်မယ်။ ဟုတ်တယ်ဆို အရေးယူမယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။
ငွေကြေး ကောက်ခံမှုများ သည် သူငယ်တန်း၊ ပဉ္စမတန်းနှင့် န၀မတန်း ကျောင်းသားများ ကျောင်းဝင်ခွင့်လျှောက်ထားရာ တွင် နှစ်စဉ်အများစုဖြစ်ပေါ်လေ့ ရှိကြောင်း အဆိုပါ အဆင့်မြင့် အရာရှိကပြောသည်။
အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်နှံရေး သီတင်း ပတ်ကို မေလ ၂၅ မှ ၃၁ ရက်အ ထိ သတ်မှတ်၍ ကျောင်းသားများ ကို ကျောင်းအပ်လက်ခံနေပြီး ကျောင်းများကို ဇွန်လ ၁ ရက် တွင်စတင်ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ယခု ပညာသင်နှစ်တွင် အထက်တန်းအဆင့်အထိ အခမဲ့ ပညာရေးစနစ်အဖြစ် စတင်အ ကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် ငွေကြေးပေးသွင်းရန် မလိုဘဲ မူလတန်းအဆင့် ကျောင်းသား များအား ကျောင်းဝတ်စုံတစ်စုံ၊ ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ် ခြောက်အုပ်၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ ပုံနှိပ်စာအုပ်များ အခမဲ့ရရှိမည် ဖြစ်သည်။
‘‘၀င်ခွင့်ဖောင်ကို ကလေး တစ်ယောက်ကို တစ်စောင် အ လကားပေးတယ်။ ဒီနှစ်ပေးတဲ့ ပုံ နှိပ်စာအုပ်၊ ဗလာစာအုပ်တွေကို ကျောင်းအပ်ချိန် အမီရတယ်။ အရည်အသွေးလည်း တော်တော် ကောင်းတယ်။ ကျောင်းသားတွေ အတွက် ကျောင်းဝတ်စုံကတော့ အရွယ်အစားတိုင်းဖို့ လိုတဲ့အ တွက်ကြောင့် ကျောင်းဖွင့်ချိန်ကျ မှ ရမှာပါ’’ဟု ကမာရွတ်မြို့နယ် အမက (၂) ကျောင်းအုပ်ဆရာ မကြီး ဒေါ်ရီရီခိုင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း များတွင် ကျောင်းစာသင်ခန်း အတွင်းသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖုန်းများ ယူဆောင်ခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးက ညွှန်ကြားထားကြောင်း အခြေခံပညာ ကျောင်းများမှ သိရသည်။
‘‘ကလေးကို ကျောင်းသွား အပ်တော့ ကျောင်းကို ဖုန်းယူမ လာဖို့ စည်းကမ်းချက်ထုတ်ထား တယ်။ ယူလာရင်လည်း အတန်း ပိုင်ဆရာမက သိမ်းထားမယ်လို့ ပြောတယ်။ ကျောင်းအပ်တာ ဘာကြေးမှ မပေးခဲ့ရဘူး’’ဟု ကမာရွတ်မြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ယခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာ အခမဲ့ပညာရေး စနစ်အတွက် ငွေကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော်သုံးစွဲမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်း ထောက်ပံ့ကြေးအတွက် ကျပ် သန်းပေါင်း ၄၆,၀၀၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အခြေခံပညာကျောင်း များတွင် တက်ရောက်သင်ကြား နေသည့် မူလတန်းအဆင့် ကျောင်းသား ၅ ဒသမ ၇ သန်း၊ အလယ်တန်းအဆင့် ကျောင်း သား ၂ ဒသမ ၈ သန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ရှစ် သိန်းကျော်ရှိကြောင်း ပညာရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။
http://7daydaily.com/story/38070
ကျောင်းအပ်နှံရာတွင် ငွေကြေးကောက်ခံမှု မရှိစေရန် ပညာရေး ညွှန်ကြားရေးမှူးများ တာဝန်ယူရမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment