Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

ဘာရန်ကျွန်းမီးတောင် ပေါက်ကွဲမည့်အရေး စိုးရိမ်မလွန်ရန် ပညာရှင်များသတိပေး


Monday, May 11, 2015
ကပ္ပလီပင်လယ်အတွင်း ရှိ ဘာရန်ကျွန်း (Barren Island) မီးတောင်သည် ပေါက်ကွဲနိုင်ခြေ ရှိပြီး မြန်မာ့ကမ်းရိုးတန်းဒေသ များတွင် ဆူနာမီအန္တရာယ်ရှိနိုင် သည်ဟု မြန်မာနိုင်ငံမြေငလျင် ကော်မတီက သတိပေးပြီးနောက် လူထုအကြား ကောလာဟလ မျိုးစုံ ထွက်ပေါ်နေသဖြင့် လက်ရှိ အခြေအနေအရ စိုးရိမ်မှု မလွန် ကဲစေရန် ပညာရှင်များက သတိ ပေးပြောကြားသည်။
ဘာရန်ကျွန်းမီးတောင်သည် လက်ရှိတွင် ပေါက်ကွဲမည့်လက္ခ ဏာအဖြစ် ချော်ရည်များမှုတ် ထုတ်နေကာ ထိုင်းနိုင်ငံ သဘာ ၀ဘေးကြိုတင်ကာကွယ် ရေးဗဟို ကော်မတီကလည်း ဒေသတွင်း၌ ဆူနာမီ အန္တရာယ်ရှိကြောင်းသတိ ပေးထားသည်။
မြန်မာနိုင်ငံတွင် မိုး/ဇလ ဌာနနှင့် လူကယ်ပြန်ဌာနက သတင်း သီးသန့်ထုတ်ပြန်ထား ခြင်း မရှိသော်လည်း ကမ်းရိုးတန်း ဒေသများ၌ သဘာဝဘေး ကြို တင်ကာကွယ်ရေးအတွက် လက် တွေ့ သရုပ်ပြလေ့ကျင့်မှုများ ပြု လုပ်နေသည်။
ပဲခူး၊ ကန့်ဘလူ၊ မြိုင်မြို့နယ်နှင့်ကမ်းရိုးတန်းဒေသအချို့တွင် ငလျင်လှုပ်မည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး စိုးရိမ်မှုများရှိနေသည်။
မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က အဆိုပါမီး တောင်မှာ မှတ်တမ်းများအရ ၂၀၀၆ တွင် နောက်ဆုံး ပေါက် ကွဲခဲ့ပြီး ၁၇၈၇ မှ ၂၀၀၆အတွင်း ရှစ်ကြိမ် ပေါက်ကွဲခဲ့ကာကမ်းရိုး တန်းဒေသများအတွက် ကြီးမား သော အန္တရာယ်မရှိခဲ့ကြောင်း ပြောသည်။
‘‘မီးတောင်ပေါက်တာနဲ့ ဆူ နာမီ ဖြစ်တာတော့မဟုတ်ပါဘူး။ ဆူနာမီဖြစ်ဖို့ အထိတော့ အခြေ အနေ အများကြီးလိုပါတယ်။ ချော်ရည်ထွက်နေတဲ့ အဆင့်တော့ ရောက်နေပေမယ့် ဒီမီးတောင်က အဲဒီလိုဖြစ်နေတာကိုကြာပြီ။ မစိုးရိမ်ပါနဲ့လို့တော့ မ ဟုတ်ဘူး။ သတိတော့ထားပါ။ စိုးရိမ်မှုလွန်ကဲတာတော့မကောင်းဘူးပေါ့’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
မီးတောင်တစ်လုံးပေါက်ကွဲ ပါက ဆူနာမီငလျင်ဖြစ်ရန် ရစ်ခ်ျ တာစကေး ၇အထက်ဖြင့် ရေ အောက်ကို ဗဟိုချက်ရှိသော ငလျင်ဖြစ်ရန်လိုအပ်ပြီး ရေမျက် နှာပြင်အောက် ကီလိုမီတာ ၈၀ အတွင်းနှင့် အထက်အောက်တုန် ခါ၍ လှုပ်မှသာ အန္တရာယ်ရှိ ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။ မီးတောင် ပေါက် ကွဲခဲ့သည့်တိုင်အောင် ဆူနာမီဖြစ် ရန် အလွန်ခက်ခဲကြောင်း ဆက် လက်ပြောကြားသည်။
မြန်မာနိုင်ငံ မြေငလျင်ကော် မတီမှ ဒေါက်တာကျော်ထွန်းက ဘာရန်ကျွန်းမီးတောင်ကြောင့် ဆူနာမီဖြစ်ရန် ရာခိုင်နှုန်းနည်းပြီး စိုးရိမ်မှုမလွန်ကဲရန် သတိပေး သည်။ ထိုင်းနိုင်ငံသဘာဝဘေး ကြိုတင်ကာကွယ်ရေးဗဟိုကော် မတီက ယင်းမီးတောင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန် ထားသော်လည်း ထိုင်းနိုင်ငံ မိုးလေ၀သဌာနအပါအ၀င် နိုင်ငံ တကာမိုးလေ၀သဌာနများက တရားဝင် သတင်းထုတ်ပြန်ထား ခြင်းမရှိသေးပေ။
ဘာရန်ကျွန်းတွင် မီးတောင်ပေါက်ကွဲနေသည်ကို ၂၀၀၅ ခုနှစ် မေလ ၂၈ က မှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − volcano.si.edu
 
)
7Day Daily

No comments:

Post a Comment