Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

အဖေမတူ အမြွှာမွေး ကလေးမလေး နှစ်ယောက်ရဲ့ ဖခင်ဖော်ထုတ်ရေးကိစ္စကို တရားသူကြီးမှ ဆုံးဖြတ်ပေး


အမြွှာမွေး ညီအစ်မနှစ်ယောက်နဲ့ ပတ်သတ်လို့ ဖခင်ဖော်ထုတ်ရေး ကိစ္စဟာ အံ့သြစရာကောင်းတဲ့ သတင်းနဲ့ အဆုံးသတ်ခဲ့ပြီး နေ့ဘက် တီဗီဖန်သားပြင်မှ ဆွေးနွေးပွဲမှာ ရေးပန်းစားနေပါတယ်။ အမြွှာညီအစ်မ နှစ်ယောက်မှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဖခင်ကိုယ်စီ ရှိကြပါတယ်။ အမြွှာညီအစ်မ နှစ်ယောက်ရဲ့ မိခင်က သားသမီး ထောက်ပံ့ကြေးငွေပေးဖို့ သူ့ အမျိုးသားကို တောင်းဆိုရာမှာ ကလေးတစ်ယောက်အတွက် သာပေးရမယ်ဟု တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ ဖခင်ဖော်ထုတ်ရေး အမှု့က တရားသူကြီးမှ ချမှတ်လိုက်ပါတယ်။
သူဟာ ကလေးတစ်ယောက်ရဲ့ဖခင်သာဖြစ်နိုင်ချေရှိပြီး နောက်ကလေး တစ်ယောက်ရဲ့ ဖခင်လုံးဝမဖြစ်နိုင် ဘူးဟု မျိုးရိုးဗီဇ(DNA)စစ်ဆေးချက် တစ်ခုမှ ဖော်ပြလိုက်ပါတယ်။ အမျိုးသမီးတစ်ယောက်အတွက် အဖေမတူတဲ့ အမြွှာကလေးမွေးတာဟာ တကယ်ကို ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုပါ။
Passaic ပြည်နယ်အစိုးရတရားရုံး တရားသူကြီး Sohail Mohammad က ဒီအမှု့နဲ့ပတ်သတ်လို့ တရားရေးဆွေးနွေးစရာကိစ္စ ၂ ခု တွေ့ရတယ်လို့ သူရဲ့ ထင်မြင်ချက်ကို ရေးသားထားပါတယ်။ အဲဒီ အမျိုးသမီးဟာ မမျိုးဥ အောင်မြင်စွာမျိုးပွား နေချိန်မှာ အမျိုးသား ၂ ယောက်နဲ့ ချစ်ရည်လူးခဲ့ပြီး သူမရဲ့မမျိုးဥ နှစ်လုံးဟာ အမျိုးသား ၂ ယောက် သုတ်ကောင်ဖြင့် သီးခြားဖြစ်တည်လာနိုင်တယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှာ မွေးတဲ့ သူမ ကလေးတွေရဲ့ဖခင်ဖြစ်နိုင်တယ် လို့ထင်ရတဲ့ အမျိုးသား တစ်ယောက်ဆီမှ Passaic ပြည်နယ် အမျိုးသမီးက သားသမီးထောက်ပံ့ကြေး တောင်းနေတဲ့အချိန်မှာ အဲဒီကိစ္စဟာ လူသိထင် ရှားဖြစ်လာပါတယ်။ မျိုးရိုးဗီဇ(DNA)စစ်ဆေးချက်ပြုလုပ်ခဲ့ပါတယ်။ တရားရုံးမှာ စစ်ဆေးမြေးမြန်းနေချိန်မှာ အဲဒီအမျိုးသား ၂ ယောက်နှင့် တစ်ပတ်လောက် အချစ်ရည်လူးဖူးခဲ့ပါတယ်လို့ မိခင်ဖြစ်သူ အမျိုးသမီးမှ ၀န်ခံပြောကြာခဲ့ပါတယ်။ သားသမီးထောက်ပံ့ကြေး တစ်ပတ်မှာ ၂၈ ဒေါ်လာ ပေးစေဟု တရားသူကြီးမှ အဲဒီအမျိုးသားကို အမိန့်ချမှတ်ခဲ့ပါတယ်။
Ref:news.yahoo
Trend Myanmar

ထူးထူးဆန်းဆန်း။တစ်သက်နဲ့ တကိုယ်တခါမှ မကြားစဖူး။အမြွှာ ညီအမ က အဖေတစ်ယောက်စီတဲ့။...

Posted by The Melting Pot 4 U on Sunday, 10 May 2015

No comments:

Post a Comment