Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

ရဲတပ်ဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနကို တရားစွဲရန် ဗကသကျောင်းသားများ စီစဉ်နေ


Monday, May 11, 2015
ပင်မကျောင်းသားသပိတ် စစ်ကြောင်းကို လက်ပံတန်းမြို့ တွင် အကြမ်းဖက်ဖြိုခွင်းခဲ့သော ရဲတပ်ဖွဲ့နှင့် အကြမ်းဖက်မှုဖြစ် ပေါ်စေရန် တွန်းအားပေးသည်ဟု ယူဆရသော ပညာရေးဝန်ကြီး ဌာနတို့ကို ပြန်လည်တရားစွဲဆို ရန် စီစဉ်နေကြောင်း ဗကသ ကျောင်းသားသမဂ္ဂ ဦးဆောင် ကော်မတီဝင် ကိုအောင်နေပိုင်က ပြောသည်။
လက်ပံတန်းကျောင်းသား သပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှု နှစ်လပြည့်အထိမ်းအမှတ်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသများ)အဖွဲ့ချုပ် (၇၉)နှစ်မြောက်အခမ်းအနားကို မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီ မှုအသင်း (ရန်ကုန်)၌ မေလ ၁၀ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဗကသကျောင်းသားများ၊ ဖမ်းဆီး ခံရသည့် ကျောင်းသားမိဘများ နှင့် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာနှင့် ပန်းချီဆရာများ တက်ရောက်ခဲ့ကြသည်။
တရားစွဲရင်ဆိုင်နေရသော ဗကသကျောင်းသားများ တရားဥပဒေနှင့်အညီ တရားရင်ဆိုင်ရေးနှင့် ကျောင်းသားများအား အကြမ်းဖက်ဖြိုခွင်းသော ရဲတပ်ဖွဲ့၊ အကြမ်းဖက်ဖြိုခွင်းရန် တွန်းအားပေးသော ပညာရေးဝန်ကြီးဌာနတို့ကို ပြန်လည်တရားစွဲဆိုရန် ဥပဒေပညာရှင်များနှင့် တိုင်ပင်နေကြောင်း ကိုအောင်နေပိုင်က ပြောသည်။
‘‘ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို တရားဥပဒေနဲ့အညီ တရားရင်ဆိုင်ပေးဖို့ရယ်၊ ကျောင်းသား တွေကို အကြမ်းဖက်ရိုက်နှက်တဲ့ ရဲတပ်ဖွဲ့ရယ် ဒီလိုအကြမ်းဖက်မှု ဖြစ်အောင် တွန်းအားပေးတဲ့ ပညာရေးဝန်ကြီးဌာနတို့ကို တရားစွဲဖို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေ တဲ့အကြောင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ကျောင်း သားတွေကို အကြမ်းဖက်တာက ရဲတပ်ဖွဲ့ပါ။ ဒီပညာရေးဥပဒေကို တာဝန်ခံတာက ပညာရေးဝန်ကြီး ဌာနပါ။ ဒီလိုဖြစ်အောင် တွန်းအားပေးတဲ့အခြေခံက ပညာရေးဝန် ကြီးဌာနပါ။ အဲဒါကြောင့် ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်နေပါ တယ်။ တရားစွဲလို့ရမယ့် စစ်တမ်း တွေလည်း ကောက်ယူနေပါတယ်’’ဟု ကိုအောင်နေပိုင်က ပြောသည်။
ထို့အပြင် ယင်းအခမ်းအ နားတွင် ကျောင်းသားများအား ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်း စဉ် ကျောင်းသားများကျန်ခဲ့သည့် ဖိနပ်များ စုစည်းပြသခြင်း၊ ကျောင်းသားသပိတ်နှင့် သက်ဆိုင်သော ဓာတ်ပုံများ၊ ကာတွန်းများပြသခြင်း၊ ကျောင်းသုံးစာအုပ်များနှင့် ကျောင်းသားအင်္ကျီများကို သံကြိုးဖြင့် သော့ခတ်ပြသခြင်း၊ ကျောင်းသုံးစာအုပ်များနှင့် နာရီများ မီးရှို့ခြင်းတို့ကိုပြသခဲ့ကြသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ဗကသများ) ဦးဆောင်သည့် ကျောင်းသားပင်မသပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့၌ မတ်လ ၁၀ ရက်တွင် ရဲများက အကြမ်းဖက်ဖြိုခွင်းပြီး နောက် ကျောင်းသားနှင့် ၀န်းရံ ပြည်သူ ၁၂၇ ဦးကို သာယာဝတီ ထောင်အတွင်း ဖမ်းဆီးခဲ့ပြီး ၎င်း တို့အနက် ၅၀ ဦး ပြန်လွှတ်ပေး ခဲ့ကာ ကျန်လူများကို တရားစွဲဆို ထားသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)အဖွဲ့ကို ၁၉၃၆ မေလ ၈ ရက်တွင် ရန်ကုန် မြို့ ဂျူဗလီဟော၌ ကျင်းပခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအစည်းအဝေး၏ ဆုံးဖြတ် ချက်အရ စတင်တည်ထောင်ဖွဲ့ စည်းခဲ့ပြီး ကိုရာရှစ်၊ ကိုအောင် ဆန်း၊ ကိုဗဟိန်းတို့က ခေတ်အ ဆက်ဆက် ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲခံရမှု (၂)လပြည့်အထိမ်းအမှတ်နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)အဖွဲ့ (၇၉)နှစ်မြောက် အခမ်းအနားကို နာ ရေးကူညီမှုအသင်း(ရန်ကုန်)ရုံးတွင် မေလ ၁၀ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment