Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

ရိုဟင်ဂျာအလောင်းမှာ နှိပ်စက်တဲ့ ဒဏ်ရာမတွေ့ရ


လူကုန်ကူး ခံရသူတွေရဲ့ အလောင်းကို သယ်ထုတ်လာစဉ် (Credit: Reuters) 
ထိုင်းနိုင်ငံမှာ ​တွေ့ရှိခဲ့တဲ့ ​ရိုဟင်ဂျာနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ​အလောင်း ​၂၆ ​လောင်းမှာ ​နှိပ်စက်ခံခဲ့ရတဲ့ ​ဒဏ်ရာတွေ ​မတွေ့ခဲ့ရဘူးလို့ ​ဆိုပါတယ်။

ထိုင်းနိုင်ငံ ​တောင်ပိုင်း ​Songkhla ​ပြည်နယ်က ​တောတောင်တစ်နေရာမှာ ​အဲဒီအလောင်းတွေကို ​တူးဖော်ခဲ့တာ ​ဖြစ်ပါတယ်။

အလောင်း ​၅ ​လောင်းကို ​သောကြာနေ့က ​ဖော်ထုတ်ပြီး ​၂၁ ​လောင်းကိုတော့ ​စနေနေ့တုန်းက ​တူးဖော်ကြတာ ​ဖြစ်ပါတယ်။

အရိုးတွေကို ​စစ်ဆေးကြည့်ရာမှာ ​အက်နေတာမျိုး၊ ​ကျိုးသွားတာမျိုး ​မတွေ့ရတဲ့အတွက် ​နှိပ်စက်ခံရပြီးမှ ​သေဆုံးသွားတာမျိုး ​မဖြစ်နိုင်ဘူးလို့ ​ထိုင်းရဲက ​ရိုက်တာ ​သတင်းကို ​ပြောပါတယ်။

ရောဂါတွေရလို့ ​ဒါမှမဟုတ် ​အစာအဟာရ ​ငတ်ပြတ်လို့ ​သေဆုံးတာ ​ဖြစ်နိုင်တယ်လို့ ​ဆိုပါတယ်။

လူကုန်ကူး ​ခံရသူတွေကို ​ထိန်းသိမ်းထားတဲ့ ​စခန်းအနားမှာ ​အလောင်းတွေကို ​တွေ့ခဲ့တာ ​ဖြစ်သလို ​အသက်ရှင်ကျန်ရစ်သူ ​ဆယ်ကျော်သက် ​အရွယ် ​နှစ်ယောက်နဲ့ ​နောက်တစ်ယောက်ကိုလည်း ​ကယ်ဆယ်နိုင်ခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့အဆိုအရ ​လူကုန်ကူးသူတွေက ​အဲဒီစခန်းမှာ ​လူကုန်ကူးခံရသူတွေကို ​ထားပြီး ​အယောက် ​၂၀၀ ​အထိ ​စခန်းက ​လက်ခံနိုင်စွမ်းရှိတယ်လို့ ​ဆိုပါတယ်။

ဒီစခန်းနဲ့ ​ဆက်နွယ်မှုရှိတဲ့ ​လူကုန်ကူးသူ ​တစ်ယောက်ကိုလည်း ​ထိုင်းရဲတွေက ​ဖမ်းမိထားပြီး ​လူကုန်ကူးမှု ​ကျူးလွန်သူတွေကို ​ဖော်ထုတ်သွားမယ်လို့ ​ထိုင်းရဲအရာရှိက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment