Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 6, 2015

အိမ်သုံးချွတ်ဆေးများနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေး

အိမ်သုံးချွတ်ဆေးတွေ အသုံးပြုခြင်းက အိမ်မှာရှိတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေ ပြောဆိုလိုက်ပါတယ်။
အိမ် နဲ့ ကျောင်းတွေမှာ သန့်ရှင်းရေးပြုလုပ်ဖို့ အသုံးပြုတဲ့ ချွတ်ဆေးက ကလေးငယ်တွေမှာ တုပ်ကွေး၊ အာသီးရောင်ခြင်းနဲ့ အခြားသော ကူးစက်ရောဂါတွေ ဖြစ်ပွားနှုန်း မြင့်မားရခြင်းရဲ့ အကြောင်းအရင်း ဖြစ်တယ်ဆိုတာကို ချွတ်ဆေးနဲ့
ထိတွေ့ခြင်းမရှိတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ပြီး သိရှိခဲ့ရတယ်လို့ သုတေသီတွေ ပြောဆိုခဲ့ပါတယ်။
သန့်ရှင်းရေးသုံး ပစ္စည်းတွေကြောင့် ရောဂါကူးစက်ခံရနိုင်နှုန်း မြင့်မားလာကြောင်း တွေ့ရှိချက်ကကြောင့် ဒီပစ္စည်းတွေက လူတွေရဲ့ ကျန်းမာရေး အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဆက် ရှိလာနိုင်မလဲဆိုတဲ့ နောက်ဆက်တွဲ လေ့ လာမှုတွေ ဆက်လုပ်ဖို့ တွန်းအားဖြစ်လာစေတယ်လို့ ဆက်လက်ပြောဆိုထားပါတယ်။ အဆိုပါ တွေ့ရှိချက်ကို Occupational & Environmental Medicine ဂျာနယ်မှာ ဧပြီလက ဖော်ပြခဲ့တာဖြစ်ပါတယ်။
“ဒီလို သန့်ရှင်းရေးပစ္စည်းတွေ အသုံးပြုခြင်းအားဖြင့် အိမ်ပတ်ဝန်းကျင်မှာ ဘက်တီးရီယားနဲ့ ပိုးမွှားတွေ ကင်းစင်စေနိုင်တယ်ဆိုပြီး ကြော်ငြာတွေ မှာ ဖော်ပြထားတာကြောင့် အယူအဆအလွဲတွေ ဖြစ်ပေါ်ကာ ချွတ်ဆေးပါဝင်တဲ့ သန့်ရှင်းရေးပစ္စည်းများကို မကြာမကြာသုံးစွဲခြင်းကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာတာပါ” လို့ သတင်းမှာ ရေးသားထားပါတယ်။
သုတေသီတွေဟာ နယ်သာလန်၊ ဖင်လန် နဲ့ စပိန်နိုင်ငံက အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးတွေရှိတဲ့ မိဘ ကိုးထောင်ကျော်ကို စစ်တမ်းကောက်ယူပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မိဘတွေကို ပြီးခဲ့တဲ့ နှစ်တွေအတွင်းသူတို့ ကလေးတွေ ကူးစက်ရောဂါ (တုပ်ကွေး၊ အာသီး ရောင်ခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးရင်ကြပ်၊ နား ကိုက်ခြင်း၊ နမိုးနီးယားစတဲ့ ကူးစက်ရောဂါများ) ဖြစ်ပွားမှု အခြေအနေကို မေးမြန်းခဲ့ပါတယ်။ အဆို
ပါ မိဘများဟာ ၎င်းတို့အိမ်အတွင်းနဲ့ ပတ်ဝန်းကျင် ကို သန့်ရှင်းဖို့ ချွတ်ဆေးပါတဲ့ သန့်စင်ပစ္စည်းတွေကို တစ်ပတ်တစ်ခါလောက် အသုံးပြုကြကြောင်းကိုလည်း ဆက်လက်ပြီး တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတွေမှာလည်း သန့်ရှင်းရေး အတွက် အဆိုပါပစ္စည်းတွေ အသုံးပြုလေ့ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုတွေ ပြုလုပ်အပြီး ထွက်ရှိလာ တဲ့ ရလဒ်အရ ချွတ်ဆေးပါတဲ့ သန့်စင်ပစ္စည်းသုံး တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့ ကလေးတွေမှာ ကူးစက်ရောဂါ ဖြစ်ပွားတဲ့အကြိမ် အရေအတွက်ပိုများပြီး ကူးစက်ခံရတဲ့ နှုန်းပိုမိုမြန်ဆန်တာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ပညာရှင်တွေဆိုပါတယ်။
ပြုလုပ်ပြီးခဲ့တဲ့ လေ့လာမှုတွေအရလည်း သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေဟာ ကလေးငယ်တွေကို ရင်ကြပ်စေနိုင်ပြီး အသက် ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေလည်း ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ယခု
တွေ့ရှိမှုက ချွတ်ဆေးပါတဲ့ သန့်ရှင်းရေး ပစ္စည်း တွေက ကလေးငယ်တွေမှာ ကူးစက်ရောဂါတွေ လွယ်လွယ်ကူးစက်စေနိုင်ကြောင်း တွေ့ရှိခဲ့တာကြောင့် ချွတ်ဆေးတွေဟာ တစ်နည်းနည်းနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို တိုက်ဖျက်သွား တာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ယူဆထားပါတယ်။
PeopleMagazine
http://people.com.mm/article/771

No comments:

Post a Comment