Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 9, 2015

မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးထားသော အိန္ဒိယရုပ်ရှင်ဇာတ်ဝင်ခန်း လူကြိုက်များနေ


Byဖြူဖွေးသန့် 

မြန်မာနိုင်ငံတွင် လာရောက်ရိုက် ကူးထားသည့်  အိန္ဒိယတမီးလ် Anegan ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတေးသီချင်းတစ်ပုဒ် အင်တာနက်တွင် လူကြိုက် များ ခေတ်စားနေကြောင်း သ တင်းရရှိသည်။

အိန္ဒိယ   တမီလ်ရုပ်ရှင် ဒါရိုက်တာ ကေဗီအာနန်ရိုက်ကူး ထားသည့် Anegan ရုပ်ရှင်ကား မှ ဇာတ်ဝင်ခန်းအချို့မှာ မြန်မာ နိုင်ငံတွင် လာရောက်ရိုက်ကူး ထားသည်ကို တွေ့ရသည်။ အဆို ပါရုပ်ရှင်ဇာတ်ကားတွင် ရှမ်းပြည် နယ်၊ မန္တလေးနှင့် ပုဂံဒေသများရှိ ရှုခင်းများကို နောက်ခံထားရိုက် ကူးထားသည်။

ယင်းရုပ်ရှင်ကားတွင်ပါဝင် သည့် သရုပ်ဆောင်များသည် လည်း အိန္ဒိယလူမျိုးများဖြစ်သည် ကလွဲ၍ အဝတ်အစားမှအစ မြန်မာဆန်ဆန်ဝတ်ဆင်ထားခြင်း ကို မြင်တွေ့ရပြီး မြန်မာနိုင်ငံ၏ သဘာဝ   အလှတရားများကို ရိုက်ကူးထားသည်ဟု ဇာတ်လမ်း ဇာတ်ညွှန်းဆရာ ကိုဆဲဗင်းဒေးက ပြောသည်။

‘‘Anegan ကားရဲ့ ဇာတ်ဝင် သီချင်းကြည့်လိုက်ရတော့ ကျွန် တော်တို့အလုပ်လုပ်နေရတာကို သိမ်ငယ်မိသွားတယ်။ ဒီကလူ တွေလည်း အဲဒီလိုရိုက်တတ်ကြ တယ်။ ဒါပေမဲ့ သူတို့လို လုပ်ပိုင်ခွင့်၊ ဖြုန်းပိုင်ခွင့်မရှိဘူးလေ။ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ အလှ အပတွေကို သေချာရိုက်ကူးပေး ထားတာကိုတော့ တကယ်ကျေး ဇူးတင်မိတယ်’’ဟု ၎င်းက ပြော သည်။


အဆိုပါရုပ်ရှင်ဇာတ်ကား တွင် ပါဝင်သည့်ရှုခင်းများသည် မြန်မာဇာတ်လမ်းများ၌ တွေ့ရ လေ့မရှိဘဲ ရိုက်ကူးထားသည့် ကင်မရာလှည့်ကွက်များမှာ စိတ် ကူးဆန်းသော်လည်း မြန်မာ့ယဉ် ကျေးမှုနှင့်ကိုက်ညီကာ ယဉ်ကျေး သိမ်မွေ့ကြောင်း အင်တာနက်စာ မျက်နှာများက ဖော်ပြရေးသား ထားသည်ကို တွေ့ရသည်။

 အဆိုပါရုပ်ရှင်ကားကို အိန္ဒိယနိုင်ငံအခြေစိုက် AGS Entertainment က ၂၀၁၃ စက် တင်ဘာတွင် စတင်ထုတ်လုပ် ရိုက်ကူးခဲ့ပြီး ၂၀၁၄ စက်တင်ဘာ ၌ ရိုက်ကူးပြီးစီးခဲ့ကာ ယခုနှစ် ဖေဖော်ဝါရီတွင် ရုံတင်ပြသခဲ့ခြင်း ဖြစ်သည်။

 ယင်းရုပ်ရှင်ကားမှ ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံအပြင် မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီ ယက်နမ်နှင့် ဘိုလီးဗီးယားတို့တွင် ရိုက်ကူးထားသည်။
http://7daydaily.com/story/36868#.VU4E_6ljMiM

No comments:

Post a Comment