Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 22, 2015

ကုံရာသီဖွား (Aquarius) တွေဟာ အခြားရာသီဖွားတွေထက် ဘ၀မှာ အောင်မြင်ကျော်ကြားမှုတွေကို ရရှိပိုင်ဆိုင်ရတတ်


လူတွေ ပြောလေ့ရှိတာက အလုပ်ကို မနားမနေ ကြိုးစားလုပ်ဆောင်ရမယ်၊ အဲ့ဒီအချိန် ကံကလည်း ကိုယ့်ဖက်မှာ ရှိနေမယ်၊ အခွင့်အရေးကိုလည်း အချိန်ကိုက် ဖမ်းဆုပ်နိုင်မယ်ဆိုရင် သင်မလွဲမသွေ အောင်မြင်မှာပဲ လို့ပေါ့၊ ဒီအချက်က မှန်ကန်ပါတယ်၊ ဒါပေမယ့်  သင်ဟာ ရာသီခွင်တွေထဲကမှ ကုံရာသီဖွားဆိုရင် အောင်မြင်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။
ဒီအချက်ကို သေချာရှင်းပြရရင် ဇန်န၀ါရီလ ၂၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၉ ကြားမွေးဖွားသူတွေဟာ Aquarius လို့ ခေါ်တဲ့ ကုံရာသီဖွားတွေပါ။ Daily Mail မှာ ဖော်ပြထားချက်အရ ကုံရာသီဖွားတွေ ဒါမှမဟုတ် ဒီဇင်ဘာနဲ့ မတ်လကြားမွေးဖွားသူတွေဟာ အထက်တန်းကျောင်းတွေမှာကတည်းက တော်တဲ့ထက်တဲ့အတွက် လူသိများလေ့ရှိကြပြီး နောက်ပိုင်းမှာလည်း အောင်မြင်မှုရတဲ့ ကျော်ကြားသူတွေ ဖြစ်လေ့ရှိကြပါတယ်တဲ့။
 
ဒီလေ့လာတွေ့ရှိချက်အကြောင်းကို Connecticut တက္ကသိုလ်က အဖွဲ့ခေါင်းဆောင် ဒေါက်တာ Mark Hamilton က "ဒါထူးခြားတဲ့ အချက်လို့ ပြောရပါလိမ့်မယ်၊ ကျွန်တော်တို့အားလုံး သုသေတနပြုလုပ်တဲ့အခါ အနုပညာရှင် အယောက် ၃၀၀ကျော်ရဲ့ အချက်အလက်တွေကို စုစည်းလိုက်ပါတယ်။ အနုပညာရှင်ဆိုတာထက် နယ်ပယ်က နာမည်ကြီးတွေ အစုံပါပါတယ်။ နိုင်ငံရေးသမား၊ သိပ္ပံပညာရှင်၊ အားကစားသမား၊ အနုပညာရှင်၊ စာပေပညာရှင် စသဖြင့်ပေါ့လေ။ အဲ့ဒီအထဲမှာမှ ခုနပြောတဲ့ ကုံရာသီဖွားတွေဟာ အောင်မြင်မှုရနေတဲ့ အနုပညာရှင်တွေ သရုပ်ဆောင်တွေ ဖြစ်နေတာ ပိုတွေ့ရတယ်။ ဒါ့ကြောင့် ဒီအချက်ကို အတည်ပြုလိုက်တာပါ" လို့သူ ကပြောပြသွားပါတယ်၊
 
ကဲ စာဖတ်သူတွေထဲမှာရော ကုံရာသီဖွား ဘယ်နှစ်ယောက်ရှိပါသလဲ။
 
Ref:yourtango
 http://www.trend.com.mm/2015/05/22/lifestyle-6676

No comments:

Post a Comment