
ကလေးနှစ်ယောက်အဖေဖြစ်တဲ့ ကန်နက်ဒီဟာ နှစ်လုံးပြူးသေနတ်နဲ့ အပစ်ခံခဲ့ရပေမယ့် အိတ်ထဲမှာ ထည့်ထားတဲ့ အိုင်ဖုန်းကြောင့် အသက်မသေပဲ လွတ်မြောက်ခဲ့ရပါတယ်။ သူ့ရဲ့အိမ်အနီးမှာ ရေဖြန့်ဖြူးပေးတဲ့ ရေပိုက်တစ်ခုကို လူငယ်တစ်စုက စနောက်တဲ့အနေနဲ့ လာရောက် ပိတ်ပစ်ခဲ့ကြပါတယ်။
ဒါကိုမလုပ်ဖို့ ကန်နက်ဒီက လိုက်ပြောတဲ့အခါ လူသွားလမ်းမှာ ပြေးလွှား အချင်းများကြရင်း လူငယ်တွေရဲ့ လက်ထဲက သေနတ်ကကျည်ဆန်ဟာ ကန်နက်ဒီဆီထွက်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမ့် ကျည်ဆန်ဟာ အင်္ကျီအိတ်ကပ်ထဲမှာ ထည့်ထားတဲ့ iPhone 5c ဆီကို တည့်တည့်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ကျည်ဆန်ဟာ iPhone ကိုမဖောက်နိုင်ခဲ့လို့ ကန်နက်ဒီတစ်ယောက် အသက်ချမ်းသာရာ ရခဲ့တာဖြစ်ပါတယ်။
သူ့ကိုသေနတ်နဲ့ ပစ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဆယ်ကျော်သက်လူငယ်ကိုတော့ လူသတ်ရန်ကြံစည်မှုနဲ့ စွဲချက်တင်ထားပါတယ်။ iPhone 5c ကိုယ်ထည်ကို ပလပ်စတစ်နဲ့ လုပ်ထားတာဖြစ်ပေမယ့် ကြေငြာခဲ့စဉ်ကအတိုင်း မာကျောတဲ့သတ္တုတွေနဲ့ ပြုလုပ်ထားတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
Ref - mirror
http://www.planet.com.mm/detail/27850/World
No comments:
Post a Comment